ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 14, 2008

မွေးနေ့အမှာ" birthday message"

ဘလော့ပို့စ်တွေလဲ မှန်မှန်မရေးဖြစ်တော့ လာလည်တဲ့မိတ်ဆွေတွေကို အားနာလိုက် တာဗျာ။ပုံမှန်ရေးနိုင်ဖို့ မလွယ်တာတော့ ၀န်ခံပါရစေ။ခုတော့ကျွန်တော့်ဘလော့လေး ဟာလဲ အခါလည် တစ်နှစ်သားလေး အဖြစ် ရှင်သန်လာခဲ့ပါပြီ။ ဘလော့လေး တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ မိတ်ဆွေများကိုဒင်နာစားပွဲကြီးတစ်ခု ပြုလုပ်ပေးဖို့စီမံထားပါတယ်။ ဒီစားပွဲကြီးမှာ ကမ္ဘာကျော် စားဖိုမှူးကြီးများက လက်စွမ်းပြထားတဲ့ အချို့သော ထူးရှယ်ဟင်းလျာများကို ကြိုတင်မိတ်ဆက်ပေးပါရစေ။မြန်မာပြည်မှ ထိပ်တန်းစားဖိုမှူှးကြီး အန်တီလုရဲ့ ဒူးရင်းသီးဆူးငါးပိချက်နဲ့ ပုရောဆိတ်ဦးနှောက်ပေါင်း နန်းတွင်း စားတော်ကဲကြီး ချန်ဂိန် ရဲ့ မှိုခါးပတ်ကျော် (မှိုတက်နေသော အထူးခါးပတ်) နှင့်ဟောင်ကောင်မှ ၀ါရင့်စားဖိုမှူး အုံးအင် ရဲ့ ဖားပြုတ်ကင်နဲ့ ခွေးလလျားသီးဟင်းချို၊စသည်တို့ဖြစ်ပါတယ်။ ကျန်တဲ့ နာမည်ကြား သွားရည်ယိုဖွယ်ရာ ဟင်းလျာများလည်း ပါပါတယ်ခင်ည။ အဲ....မရမ်းသီးရှောက်ရည်စမ်းအသုပ်၊ ချဉ်ပေါင်သရက်သီးသနပ် နဲ့ ရှလကာရည်ချဉ်စပ်ဟင်းရည်တို့ပါခင်ဗျ။ အဲ နေရာကတော့.. အားလုံးသွားလို့လာလို့လွယ်အောင်ကမ္ဘာအမြင့်ဆုံး ဒူဘိုင်းမျှော်စင်ရဲ့ အပေါ်ဆုံးထပ်မှာလို့စဉ်းစားထားပါတယ်။ အားလုံးအတွက် လည်ပင်း ကြိုးကွင်းစွပ်ဓာတ်လှေကားလဲ စီစဉ်ထားမှာပါ။ နေ့ရက်ကတော့ အောက်တိုဘာမကူးခင် စက်တင်ဘာလ ၃၁ ရက်နေ့ပါခင်ဗျ။ အဟဲ အထူးမှာချင်တာကတော့ လက်ဆောင်မပေးခြင်း သည်းခံပါလို့။ ကဲ ကိုကိုဖရီး ကတော့ ဘလော့ဂါ မိတ်ဆွေများအားလုံးကို ဒီဘလော့လေး မွေးနေ့လေးအတွက် ဖိတ်လိုက်ပြီနော်။ ဆက်ဆက်လာကြဖို့ တိုက်တွန်းရင်း ။ ။ အားလုံးကို လေးစားလျက် ကိုကိုဖရီး.. ဖရီးကိုကို ...ဟိ..။

5 comments:

သက်တန့် said...

တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကိုကိုဖရီးရေ...
အားနာလိုက်တာမှလေ... အရမ်းပဲ... အရမ်းပဲ...
အဲဒီနေ့မှာလေ သက်တန့်က ဟိုဟာလည်း လုပ်ဖို့ရှိတယ်... ဒီဟာလည်း လုပ်ဖို့ရှိတယ်...
ဒါကြောင့် မအားဘူးရယ်... အားနာတယ်နော်... အရမ်းပဲ... သိလား... :D

Anonymous said...

အယ်..တိုက်တိုက်ဆိုင်ဆိုင်... ခုမှရောက်လာတာ မွေးနေ့ဖိတ်တာနဲ့လာတိုးနေတယ်.. အင်း အဲဒီနေ့ကလည်း ..... ချိန်းထားတာတွေပြည့်နေတာဆိုတော့ လာတော့ပါဘူး .. တစ်ခြားလူတွေပဲ ဦးစားပေးတော့မယ်နော်.. :P

Dream said...

ဟယ်....အားနာချယာဂျီး...
မီးမီးကချက်သင်ပါလတလလုံးဦးပုဒ်ဝင်ဏေဒါ။
တက်တပ်လွတ်တစ်တီးချွန်းနဲ့ရေဖဲဖုန်းပေးတာဦးဦးယ။
ဒါပေမဲ့ချိတ်မညစ်ပါဏဲ့ဦးဦးယဲ့။
ဲ့မွေးဏေ့ကိုမီးမီးပိုင်တဲ့ဟက်စကီးမောင်းပြီး
တက်ရောက်မှာပေါ့...ယာခဲ့မယ်ချိတ်ချနော်..
ဟီးဟီး..တော်တေးဒယ်ဦးဦးမွေးဏေ့ကျဉ်းပမဲ့ဏေ့
မာဦးပုဒ်မထွက်တေးတာယယ်၊ဟက်စကီးလေးပိုင်တာ
ရယ်ကိုကျေးဇူးတင်ရမယ်...ဟိးဟီး... :P :P

Anonymous said...

ဘာတွေအော်နေတာလဲ.... တားတားတို့ကြိုက်ကြိုက်နဲ့လည်း ဧည့်မခံဘဲနဲ့။ လူကြီးနော်... အခုမှ လာရှက်နေတယ်။

ဒူဘိုင်းက ဓာတ်လှေကားကို စီးချင်တဲ့သူတွေ အရင်ဦးစားပေးလိုက်။

တားတားကိုတော့ သက်သက်ညှာညှာပဲ ၀ီစကီ သုံးလုံး + ဘီယာ လေးဖာ + အမြည်း ဆယ်ပါကင် နဲ့ဧည့်ခံရင် လုံလောက်ပြီ။

မဟုတ်လို့ကတော့ `မဟတ်ပီး မဘတ်ဒေး´ လို့ အော်ပစ်လိုက်မှာ...။

ခင်မင်လျက်
ဟန်သစ်ငြိမ်

Anonymous said...

အဲဒီနေ့ကျရင် မီးမီးကိုကိုနဲ့ မီးမီးနဲ့ ကိုယ်ပိုင်လေယဉ်ပျံကြီး စီးပြီးလာခဲ့ပါမယ်။ တကူးတကဖိတ်တော့လည်း လာရတာပေါ့။

လက်ဆောင်က ကိုကိုဖရီးအကြိုက် ဘီယာတစ်ဖာ။ မီးကိုကို ခိုးသောက်ထားလို့ အခွံတွေပဲကျန်ရင်တော့ တာဝန်မယူဘူး။ (သူနဲ့ရှင်း)