ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 2, 2013

ဖရီး၏အိမ်သာအစွမ်း

အမျိုးသားများစွဲမြဲသုံးစရာ ကိုကိုဖရီး၏အိမ်သာပါ။

ကုန်ခမ်းသွားသောအားအင်များအတွက် အထူးအားတိုးဆေးများအားလည်း ကိုကိုဖရီး
မှအထူးစီမံဖော်စပ်ထားသဖြင့် ဆက်သွယ်ဝယ်ယူနိုင်ကြပါသည်။

မူလလက်ဟောင်း ကိုကိုဖရီး


ကိုကိုဖရီးနှင့် ၈၈၈၈ ဘီယာ


မြန်မာနိုင်ငံ၏ သမိုင်းဝင် ၈၈၈၈ နေ့အား အမှတ်တရဖြင့် ကိုကိုဖရီးမှ ဘီယာ ၈၈၈၈ ခွက်သောက်ကာဝင်ရောက်ဆင်နွှဲမည်ဟုအားထုတ်ခဲ့သော်လဲ ပထမ ၈ တစ်လုံးအတွက် 
၈ ခွက်မျှသောက်အပြီးတွင်ပင် လောကကြီးနှင့် အဆက်ပြတ်သွားပါသဖြင့် ယခုနှစ်ွ
၈ လေးလုံးပွဲတော်ကြီးအား ဤမျှနှင့်ပင် အဆုံးသတ်လိုက်ရပါကြောင်း ။ ။

ခင်မင်စွာဖြင့်
ကိုကိုဖရီး (၈၈ လက်ကျန်)

May 21, 2013

ကို ကို F R E E: ကိုကိုဖရီးနှင့်ရွှေပုံပြင်

ကို ကို F R E E: ကိုကိုဖရီးနှင့်ရွှေပုံပြင်

ကိုကိုဖရီးနှင့်ရွှေပုံပြင်

ရွှေမျိုးရွှေနွယ်၊ရွှေစစ်ရွှေမှန်ဖြစ်ပေသော ရွှေကိုကိုဖရီးတစ်ယောက် ရွှေအကြောင်းပုံပြင်
ရွှေညဏ်တော်ကွန့်မြူးရေးထုတ်အပ်လိုက်ပေသည်မှာ ရွှေနဲ့ပတ်သက်လျှင် မြန်မာတွေ
သဲပုံများ..ပြောချင်ဘူး..ပြောချင်ဘူး ( ပြောတော့မှာမို့လို့စကားအင်ထရိုဝင်တာ.ဟိ.)။
ကြည့်လေဆွေမျိုးမဟုတ်ဘူး..ရွှေမျိုးတဲ့..ရွှေရှိမှအမျိုးတော်ချင်တာဆိုပဲ။ဟိုး နိုင်ငံခြားမှာ
ရရာလုပ်နေတဲ့သူတွေကလဲခပ်တည်တည်ပဲသူတို့ကိုယ်သူတို့ရွှေတဲ့။ အင်္ဂလိပ်ခေတ်က
မျက်နှာဖြူတွေကိုအရွဲ့တိုက်သခင်ဘွဲ့ခံသလို ရွှေနာမည်ခံရုံနဲ့ ရွှေတွေဘာတွေ စုမိလား
မစုမိလား ကိုကိုရွှေတွေပဲသိမှာပါ။ နောက်..ကျန်သေးတယ်..ဘာတဲ့.. ရွှေအကြောင်း
ဖယောင်းသိဆိုလား..ခုတော့ ရွှေအကြောင်းမိတ္ထီလာကသိလို့ ပြောင်းရမလိုဖြစ်ကုန်ထင်ပါ့။
ထစ်ခနဲရှိဒေါ်လာဈေးတက်ရင် ကန်စွန်းရွက်ဈေးတက်ချင်၊ ရွှေဈေးတက်ရင် ဘဲဥဈေး
တက်ချင်တဲ့ ကိုကိုဖရီးတို့ရွှေနိုင်ငံမှာ ရန်ကုန်လေဆိပ်နားလမ်းဆုံအနီးGolden Land ဆိုတဲ့
ဟာကြီးကလဲ ခပ်တည်တည်ပဲဗျ။ တော်သေးတာက ရွှေဈေးတက်တိုင်း ကိုကိုဖရီးတို့ရဲ့
ရွှေရောင်တ၀င်းဝင်းနဲ့ (ဘုရားမဟုတ်ပါ) ဘီယာဈေးတွေမတက်တာကောင်းလိုက်တာ။
ဟဲ..ဟဲ..ဟဲ။ ဒီကြားထဲဗျာ..ဘာ..ခုလာမဲ့ဆီးဂိမ်းမှာ ရွှေတစ်ရာလောက်မှန်းတယ်ဆိုပြီး
ခပ်တည်တည်နဲ့ ဟိန်းဟောက်နေကြတာ ကိုကိုဖရီးတော့နားမလည်နိုင်ပေါင်။ ကြည့်လေ
နှစ်တိုင်းနှစ်တိုင်း အခုနှစ်ဆယ်တောင်မရနိုင်သေးတာ ဘယ်လိုများတစ်ရာထိရအောင်
လုပ်မလဲဆိုတာအင်း..တွေးကြည့်..ရင်လေးမိပါဘိ။ သြော်..မြန်မာတွေ ရွှေနဲ့အကြောင်း
သင့်ပုံများ ဟို..ရွှေပါတဲ့နာမည်နဲ့လူကြီးကုပ်တက်စီးထားတာလဲ နှစ်အတော်ကြာအောင်
ခံခဲ့ရပေါ့။ ခုတော့ရွှေအသံကြားတိုင်းတစ်တိုင်းပြည်လုံးထောင်းလမောင်းထအောင်
ငွေလမ်းခင်းငွေတွင်းတူးနေတဲ့လမ်းတိုကြိုက်စီးပွားရေးသမားတွေ၊ ကံအကြောင်းမလှလို့
ဘ၀ဆုံးပါးကုန်သူတွေနဲ့ ကိုကိုဖရီးတို့ရဲ့ ရွှေနိုင်ငံကြီးလဲခပ်တည်တည်ချီတက်နေဆဲပါ
လို့ရွှေလက်တော်အညောင်းခံလို့ယစ်ရွှေရည်လေးတစ်ကျိုက်စီမျိုရင်းရေးလိုက်လေသည်
တကား။ ။

မူလလက်ဟောင်းရွှေရည်ရွှေသန့်ရွှေကိုကိုဖရီး




Jul 9, 2012

မဟာက၀ိပဏ္ဍိတမာစတာဒေါက်တာကိုကိုဖရီးနှင့်၃ကွက်ရှင်စ်


တစ်နေ့သ၌ ဘီယာဖိုးလေးရစိမ့်သောငြာ မှော်ဘီစီးတီးရှိသရက်တလင်းခြံထဲ၌ နိုင်ငံရေးဘောဂဗေဒ                               သင်တန်းလေး ခါတော်မှီ ပတ်တိုင်း ဖွင့်စားနေသည့်  မဟာက၀ိပဏ္ဍိတမာစတာဒေါက်တာကိုကိုဖရီးထံသို့ တပည့်ကျော်လေးများဖြစ်သော “ဂျိုးဇက်စတစ်လတစ် နှင့် ပေါဂေါ်လီနာ” တို့ ရောက်ရှိလာကြလေသည်။          အနှီတပည့်လေးများကား ကိုကိုဖရီးပါမောက္ခလုပ်ခဲ့ဖူးသော ကမ္ဘာကျော်တက္ကသိုလ်ကြီးများဖြစ်သည့် ဟားဗတ်၊                   အောက်စဖို့၊ ပရင့်စတန်၊ စတန်းဖို့၊ ကိုလံဘီယာ၊ ကော်နီ၊ ကော်နယ်၊ ဂျွန်ဟော့ကင်း၊ အမ်အိုင်တီ၊ ရေးလ်၊                            ထားဝယ်၊ ဘိတ် စသည်စသည်တို့တွင် နောက်မှ တကောက်ကောက်လိုက်ကာ တောက်တိုမယ်ရ တိုလီမိုလီများ                     လိုက်လံပြုစု တပည့်ခံရင်း ပီအိပ်ခ်ျဒီထက် မြင့်သည့် ပီအိပ်ခ်ျအီး (Ph.E) များရယူထားသူများ ဖြစ်ကြလေသတည်း။             ကိုကိုဖရီးမူကား ကမ္ဘာပေါ်ရှိမည်သည့်တက္ကသိုလ်မျှ စိတ်ကြိုက်မတွေ့သဖြင့် Institute of International Free ကို ကိုယ်တိုင်တည်ထောင်ကာ ကိုယ့်ဘာသာကိုယ် ပီအိပ်ခ်ျအီး ( Ph.E) ပေးအပ်ထားရရှာလေသည်။ အဟင့် ။ ယခုကိုကိုဖရီးထံသို့ရောက်လာသော တပည့်ကျော်နှစ်ယောက်က ကိုကိုဖရီးစီရင်ရေးသားအပ်သည့် “မုန်တိုင်းကအင်၊ ဒီမိုကရေစီကအတု” စာအုပ်မထွက်ဖြစ်သည့်အတွက် ၄င်းတို့သိချင်သော အချို့ အချက်များအား လူကိုယ်တိုင် လာရောက်ဆည်းပူးခြင်းဖြစ်ကြောင်း ၄င်းတို့ပြောစကားများ အရ သိခဲ့ရပေသည်။ ကိုကိုဖရီးမှ “ကဲ..မောင်ရင်တို့ သိချင်တာလေးတွေရှိရင်တော့ မေးကြကွယ်... အချိန်တော့သိပ်မရဘူးနော်.. .မာဆက်ခ်ျမှာဘွတ်ကင် လုပ်ထားလို့...တော်ကြာသမီးလေးတွေ စိတ်ဆိုးသွားရင် မလွယ်ဘူးကွဲ့..ဟွန်းဟွန်း”။ “ဟာ...ရပါတယ်ဆရာကြီးရယ်   မေးခွန်းလေး(၃) ခုလောက်တည်းပါ။ကျွန်တော်တို့လဲ ကမ္ဘာပေါ်မှာရှိသမျှ စာကြည့်တိုက်တွေရောက် ပညာရှင်တွေ ရှာဖွေတွေ့ထားပြီးသမျှတွေ ပြန်ပြီးလေ့လာထားတာတောင် နားမလည်သေးတဲ့အချက်တွေ ကျန်သေးလို့ပါခင်ဗျ” ဟု နှုတ်သွက်အာသွက် ပေါဂေါ်လီနာလေးမှ ရိုရိုသေသေလေး ပြန်ပြောလေသည်။ “အိမ်း.. မောင်ရင်လေးပြောသလိုဆို အတော်ပင်ခက်မဲ့ အကြောင်းအရာတွေဖြစ်မယ်ထင်ပါ့..ဟုတ်ရဲ့လား” ... ထိုအခါ ဂျိုးဇက်စတစ်လတစ်မှ “ဟာ...ဒါပေမယ့်ဆရာကြီးရယ်... ဆရာကြီးကဆရာကြီးပါ...ဆရာကြီးကတော့ ဖြေနိုင်မယ်ထင်ပါတယ်” ။          “အိမ်း..ဂလိုဆိုတော့လဲ လင်းစမ်းပါဦးကွ ဘာတွေသိချင်ရတာလဲ”  ဤသို့ဖြင့် နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ဖိန့်ဖြင့်လုပ်စား...အဲ..သင်စား လာတာကြာသော ကိုကိုဖရီးတစ်ယောက် မေးခွန်းမေးရန် အိုပန်းလုပ်လိုက် ရလေသတည်း။ ပေါဂေါ်လီနာမှစ၍ “ဆရာကြီး ဒီမေးခွန်းတွေက မြန်မာ နိုင်ငံနဲ့ဆိုင်ပါတယ်ခင်ဗျ” ..“အွမ်..ငါတော့...နာပြီ”...ဟု ပြောပြောဆိုဆို လ၀န်းပမာကိုကိုဖရီး၏ မျက်နှာမှာ မော်တော်ကားတာယာပမာ မည်းမည်းပြဲပြဲဖြစ်သွားလေတော့သည်။ မထူးတော့ပြီမို့ ကိုကိုဖရီးလဲ ဟန်လုပ်ကာဆက်မေးခွင့်ပြုလိုက်ရသည်။      ပေါဂေါ်လီနာမှဆက်၍ “ဒီလိုပါဆရာကြီး..ပထမ တစ်ချက်က မြန်မာနိုင်ငံရဲ့အရွေ့ကိုဘယ်သူလုပ်လိုက်တာလဲ              ကျွန်တော်တို့ မရှင်းလို့ပါခင်ဗျ” ..“သြော်...ဒါလား.. ဘာများလဲလို့...ဟားဟားဟား..မြန်မာနိုင်ငံကိုရွှေ့လိုက်တာ ကိုယ်လေကွာ..ငှင်းငှင်းငှင်း” .. “အိုး..” ပေါဂေါ်လီနာနှင့် ဂျိုးဇက်စတစ်လတစ် တို့နှစ်ယောက် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ အံသြသွားကြစဉ် ..“ဟုတ်တယ်..ကိုယ်ပဲ.. ဟိုမှာကြည့်လေ ဟိုး..ထရံပေါ်             ကမြန်မာနိုင်ငံမြေပုံကို မနေ့ကမှ ခေါင်းရင်း ဘက်ပြောင်းရွှေ့ လိုက်တာလေ..ဒီတော့ မြန်မာနိုင်ငံကိုရွှေ့တာ              ကိုယ်ပေါ့ကွာ..ဟဲဟဲ” ကိုကိုဖရီး၏အဖြေကြောင့်  “..သြော်...ဟုတ်ပါပေတယ်..ဆရာကြီးခင်ဗျာ..” ပြောပြော ဆိုဆို ပေါဂေါ်လီနာတို့နှစ်ယောက်သားခမျာ စာအုပ်လေးထုတ်ကာ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေ၏။ ထို့နောက်.. ဂျိုးဇက်စတစ်လတစ်မှ “ဆရာကြီး..ဒုတိယတစ်ချက်က.. မြန်မာနိုင်ငံက အပြောင်းအလဲတွေ ဘာကြောင့်မြန်တာလဲ               သိချင်လို့ပါ” ၄င်း၏အမေးကို ကိုကိုဖရီးမှ နှုတ်ခမ်းမွေးလေး ကျိုးတို့ကျဲတဲဖြင့် ငဇင်ရိုင်းပြုံး လေးပြုံးကာ..“ဟားဟား.       . ဒါများကွာ..မြန်ဆို မနှေးလို့ပေါ့ကွာ...ငှင်းငှင်း” “..ဟာ..ဒါဆိုဘာဖြစ်လို့မနှေးတာလဲဆိုတာကိုလဲ..ရှင်း..ရှင်းး..”  ..“ သြော်ကွာ...မနှေးရတာကလဲ မြန်လို့ပေါ့ကွာ...ဒီမှာမောင်ရင်တို့ မှတ်ထားကြ မြန်မာနိုင်ငံမှာနှေးတာဆိုလို့              အင်တာနက်ရယ်၊ ထိုင်ခုံဖယ်ပေးတာရယ်ပဲရှိတယ်ကွ.....“ခင်ဗျာ...ဘယ်လို”...“သြော်...ဘတ်စ်ကားတွေပေါ်မှာ                   လူကြီးသူမကို ထိုင်ခုံဖယ်ပေးတာပြောပါတယ်..ဟိဟိ..”  “ဟုတ်..ဟုတ်ကဲ့..” ပြောပြောဆိုဆို ငတိလေးနှစ်ယောက်ခမျာ ကိုကိုဖရီး၏အဖြေကို စာအုပ်လေးထဲ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေ၏။ “ကဲ..နောက်ဆုံး တတိယတစ်ခု.                 .မြန်မြန်မေးကွာ” ဟု ကိုကိုဖရီးမှ လက်တွင်ပတ်ထားသော ၁၅ သိန်းတန်အိုမီဂါနာရီကြီးကို ဟန်ပါပါကြည့်ရင်းပြောလိုက်ရာ ပေါဂေါ်လီနာလေးမှ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုထောင်ချောက် (၄)ခု အနက် မည်သည့်ထောင်ချောက်ထဲကျရောက်နေသလဲ ဟု မရဲတရဲမေးလိုက်လေသည် ။ ထိုအခါကိုကိုဖရီး၏ ခန့်ညား         တည်ကြည့်လှသော ဥပဓိရုပ်မှာ အလွန်မှပင် မှန်းဆရခက်သော မျက်နှာသို့ ပြောင်းသွားပြီး “ အိမ်း... ဒီမေးခွန်းကို တစ်နေ့မေးလာကြလိမ့်ဆိုတာ ဆရာကြီးသိထားပါတယ်ကွယ်...မဖြေမဖြစ်ဖြေရမယ်ဆိုရင်တော့.. မြန်မာနိုင်ငံဟာ ဘယ်ထောင်ချောက်ထဲမှာမှ ကျမနေပါဘူးကွယ်..” “ဟုတ်ပါ့မလားဆရာကြီးရယ်...” “...ဟားဟားဟား.. သိပ်ဟုတ်တာပေါ့ကွယ်...ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ဒီထောင်ချောက်တွေကို မူပိုင်ခွင့် ( patent) ယူပြီး ကိုယ်တိုင်တီထွင်ထားတာဖြစ်လို့ ဒီထောင်ချောက်တွေလောက်တော့ အသာလေးရှောင်သွားနိုင်လို့ပေါ့ကွယ်...ငှင်း..ငှင်း..ငှင်း” “..ဟား..ဟုတ်လိုက်တာဆရာကြီးရယ်... ဆရာကြီးဖရီးလိုလူမျိုး ကမ္ဘာပေါ်မှာရှိနေတာ တပည့်တို့ ဂုဏ်ယူလို့မဆုံးပါဘူးဟုဆိုရင်း တပည့်ကျော်လေး နှစ်ယောက်မှာ ကိုကိုဖရီး၏အဖြေကို စာအုပ်လေးထဲ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေတော့၏။ ။

ခင်မင်လေးစားစွာဖြင့် မူလလက်ဟောင်းဂန္ထ၀င်ကိုကိုဖရီး