အားကစားဝါသနာရှင် ဘလော့မိတ်ဆွေများခင်ဗျား။ ယခုဆိုရင်တရုတ်နိုင်ငံမှာ
အိုလံပစ်ပွဲကြီးခြိမ့်ခြိမ့်သည်း ကျင်းပနေစဉ်ကိုကိုဖရီးခမျာခိုးလို့ခုလုဖြစိနေ၇ပါတယ်
ဗျာ။ဘာကြောင့်လဲဆိုတော့အိုလံပစ်ပွဲကြီးကိုပြိုင်ချင်လွန်းလို့တစ်ယောက်တည်း
ကျိတ်ကျင့်နေတာကြာလှပေါ့။ဒါပေမယ့်ကိုယ့်မြေကိုယ့်ပရိသတ်ရှေ့မှာဂုဏ်ဆောင်
်ချင်လွန်းလို့ မြန်မာနိုင်ငံအိမ်ရှင်ဖြစ်မှဝင်ပြိုင်ဖို့နဲ့တခြားမြေတွေမှာဆိုရင်ဝင်မပြိုင်
ဘူးလို့ဆုံးဖြတ်ထားတယ်လေ။(အင်း-အရိုးဆွေးတာတောင်ဝင်ပြိုင်၇ဖို့မမြင်ပါဘူး)။
တကယ်ပါဗျ။ကိုကိုဖရီးကအားကစားဆိုရင်သိပ်ဝါသနာပါတာလေ။အားမှကစားတာ
မအားရင်လုံးဝကစားတာမဟုတ်ဘူး။အားကစားလုပ်နေရရင်လည်းထမင်းမေ့
ဟင်းမေ့ပဲလေဟင်းမကောင်းတဲ့နေ့တွေမျိုးပေါ့..အဟီး)။အားကစားထဲမှာဝါသနာ
အပါဆုံးကဘောလုံးလေ။ကိုကိုဖရီးကဘောလုံးကိုဘယ်လောက်တောင်ကျွမ်းကျင်
လဲဆိုရင်..ဟဲဟဲ..ဘောလုံးကိုကြည့်လိုက်တာနဲ့ဘယ်ဘောလုံးကအထီး..
ဘယ်ဘောလုံးကအမလဲဆိုတာကအစတန်းသိတယ်ဗျ။ ပရိသတ်ကြီးလဲခွဲခြားသိချင်ရင်
..ဒီိလိုဗျ။ဖရီးကစ်ကန်ရင်ကြည့်အမျိုးသားပွဲတွေမှာဆို၇င်ဘောလုံးကလူတွေကိုရှောင်သွား
ရင်အဲဒီဘောလုံးက“အထီး”ဗျ။အဲ..အမျိုးသမီဲးပွဲတွေမှာဆိုရင်တော့ဒီဘောလုံးက..
ဟိုနေရာတွေပြေးသွားတာတန်းခနဲဗျို့။ (အဟီး..ဂိုးထောင့်တို့၊ခြေထောက်တိုကပြော
ပါတယ်)။ အဲ..ဘောလုံးက“အမ”ဆိုရင်တော့ရှင်းပါတယ်။ အမျိုးသားဘောလုံးသမားလေး
တွေခမျာ ဘောလုံးမကြာခဏမှန်လို့ခုန်ဆွခုန်ဆွလုပ်ရလေရဲ့။အင်း..ဘယ်နေရာမှန်ကုန်
လဲမသိပါဘူး။ အဲ..အမျိုးသမီး ဘောလုံးသမားတွေကတော့ ဘောလုံး“အမ”နဲ့ဆိုရင်
်ပေးတာ တခြားရောက်တာတခြားနဲ့ ဘောလုံးကလူကို အကပ်မခံတော့ဘူးဗျို့။
ဟော...ပြောရင်းဆိုရင်း ကိုကိုဖရီးဝင်ပြိုင်မဲ့ အားကစားနည်းတောင် မပြောရသေးဘူး။
ကိုကိုဖရီးဝင်ပြိုင်မှာက “အိုလံပစ်အမျိုးသားအလွတ်တန်းဘီယာသောက်ပြိုင်ပွဲ”ခင်မျ။
အင်း..ခက်တာကအိုလံပစ်အားကစားနည်းတွေထဲမှာလည်းဒီကစားနည်းမပါသေးတော့
ခက်တယ်ဗျာ။ဘာပဲဖြစ်ဖြစ် ကိုကိုဖရီးကတော့.မြန်မာနိုင်ငံအိမ်ရှင်ဖြစ်မယ့် အိုလံပစ်ပွဲ
တြော်ကီးမှာ အိမ်ကွင်း..အဲ..အိမ်ရှင်ဆိုတော့..ခု..မျိုးချစ်စိတ်ပြည့်ဝစွာ
မြန်မာ ဘီယာနဲ့ပဲ ထရိန်နင်ဆင်းနေပါကြောင်း ။ ။
အားလုံးကိုလေးစားလျက်..ကိုကိုဖရီး
3 comments:
သောက် သောက် အဘ သေအောင်သောက်း)
ခင်ဗျားရဲ့ အဖွဲ့ကို ကြေငြာထားတယ်ဗျို့...
http://myanmarbloggersociety.ning.com/group/MLD
Cheers!!!!
လုပ်ချလိုက်ပြန်ပြီဗျာ... ကျွန်တော်လည်း ၀င်ပြိုင်မယ်ဗျို့
Post a Comment