Dec 24, 2007
မှုခင်းများ (Crimes)
(၁).. သူမရေချိုးနေစဉ် တိတ်တဆိတ် ချောင်းမြောင်း ကြည့်ရှုမှုဖြင့် မိန်းကလေးတစ်ယောက်က အိမ်မြှောင်
တစ်ကောင်အားတရား စွဲဆိုထားပါသည်။
(၂)... ကွဲကွာနေသော ချစ်သူဟောင်းအား နောက်မှ သားရေကွင်းဖြင့် လုပ်ကြံပစ်ခတ်မှုဖြင့် အမျိုးသားတစ်ဦး အား တရားရုံးမှ ထောင်ဒဏ် ၁၅ မိနစ် ချမှတ်လိုက်ပါသည်။
( သတင်းထောက်အာဖျံရွှီး၊ လေဖမ်းရမ်းတုတ် ဂျာနယ် ပေးပို့သည်။)
သမိုင်းတွင်ရစ်သူများ (့historic man)
သင်သည် သမိုင်းတွင်ရစ်သူ တစ်ဦး ဖြစ်လိုပါက သမိုင်းတွင် ရစ်ဘီးဖြင့် စွန်သွားလွှတ်ရန် အမည်မဖော်လိုသူ
ဦးတုတ်ကြီးမှပြောကြားပါသည်။
သတင်းထောက်အာပလာ(မဟုတ်တရုတ် ဂျာနယ်) ပေးပို့သည်။
သန့် လေး သန့် (health warning)
သန့်လေးသ န့် စီမံချက် အရ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် အီး မေး ဖွင့်ဖတ်ပြီးတိုင်းလက်
ကို စင်အောင်ဆေးကြရန် တာဝန်ရှိသူများက ပြောကြားကြပါသည်။
( to be care after e-mail checking)
Dec 19, 2007
ပြည်သူများကိုချစ်သည် (ပြည်သားများမပါ)
မိတ်ဆွေတစ်ဦးက ပြည် သူများကို ချစ်သည်တဲ့ ။ သို့သော် ပြည် သားများကိုမချစ်ပါတဲ့ ။ ပြည် သူအများစုမှာ လှသောကြောင့်ဟု ဆိုပါသည်။ ပြည်က ကောင်မလေးများ တကယ်လှပါသလားခင်ဗျာ....
He loves Pyi thu but not Pyi tha (girls from Pyi township)
Dec 18, 2007
စကားအမြန်ဆုံးပြောသူများ
ကမ္ဘာပေါ်တွင် စကားအမြန်ဆုံးပြောသူများမှာ ရက်ပါများဖြစ်ကြောင်း သိပ္ပံပညာရှင်များက
ပြောကြပါသည်။ (Rappers are the fastest talker)
Subscribe to:
Posts (Atom)