Mar 26, 2008
ရှင်းတမ်း ( Shin Ton)
"သူများအကြောင်းလည်းမပြောချင်ပါ စပ်မိစပ်ရာ ဘာညာကွိကွ"
ခုတလောကောလဟာလသတင်းများ တယ်လည်းကြောက်စရာ ကောင်းလှသကိုး။ ဘယ်မင်းသားရဲ့မိန်းမကတော့ လုံးရာကပြားထားတာ၊ ဘယ်အဆိုတော်နဲ့ဘယ်ဆရာကြီူးကတော့ သွားရှာပြီဆိုတဲ့ သတင်းတွေက
ပျံ့နေပါရောလား။ ဒီတော့ သက်ဆိုင်သူတွေလည်း ထ ရှင်းရလင်းရပြန်ရော။
ဒါကြောင့် ကိုကိုဖရီးတောင် သတိထားနေ နေရတယ်။
တော်ကြာ ကိုကိုဖရီးနဲ့ ဘယ်မော်ဒယ်လေးက ဘယ်ဟိုတယ်မှာ ဘယ်အချိန် ဘာတွေလုပ်ကြတာဆိုပြီး ဖွကုန်မှဖြင့် ကိုကိုဖရီးရဲ့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေ
ကျကုန်မှာစိုးရတယ်။ ပြောမဲ့သာပြောတာပါ။ အထင်ခံရလည်းနည်းတာမှတ်လို့။ ဒီကြားထဲရေကူးကန်မင်းသမီးလေးက“သမီးတို့ဘာသာသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ရေကူးနေတာကို သူတို့ကဓာတ်ပုံခိုးရိုက်တာ” ဆိုပြီး မနှဲလေးသံနဲ့ တိုင်ပြောသလိုထရှင်းပြန်တော့ စာနာမိပြန်ရော။ အေးလေ..
လွတ်လွတ်လပ်လပ်ချိုးကြပါစေလား။ ဟီဟိ။
သို့သော် လူးဆေးမင်းသမီးကတော့ အကျယ်ထရှင်းတာတော့မတွေ့ရဘူး။
ကိုစတန်လေကတော့ ပြောပါတယ်။ ထရှင်းရင်ပိုရှုပ်ကုန်မှာပေါ့တဲ့။ ဟုတ်သားပဲ။
ခုတောင် အဲဒါ ဘာလိမ်းဆေးကြီးလဲဆိုပြီး သိချင်နေကြသူတွေ တယ်များပါကလား။
အင်း …ထင်တာကတော့ အကယ်ဒမီကြေးချွတ်ဆေးလားမသိပါဘူး။ ဟီး ဟီး ဟီး
Mar 23, 2008
ကတ်သီး ကတ်သတ် (၃) ( ket thi & ket tet )
ကတ်သတ်--အင်း ကိုကတ်သီးရေ ကျုပ်ကအင်္ဂလိပ်စာမကျွမ်းတော့ ရန်ကုန်က
စတိတ်ရှိုးကြော်ငြာတွေ ဖတ်ရင် အသံထွက်မရတော့ ဂွကျတယ်ဗျာ။
ကတ်သီး--ဘယ်လိုများလဲဗျ။
ကတ်သတ်--တချို့နာမည်တွေများကျောချမ်းစရာကြီးဗျာ။
ဘာတဲ့ အိတ်စမ်းပလိုက်ဆိုလား ။ တချို့နာမည်တွေကျတော့ ရယ်စရာကြီးတွေ...
ဘီလူးပါရယ်၊ဒီလိုရယ်၊ကိုဘာယာတဲ့၊ချာပါတီတဲ့၊ပက်လက်အိုး တဲ့ဗျာ။
ကတ်သီး--ဟာ "Examplez, Blue Berry ,Theory, Cobra, Chapter, Black Hole ”
တွေပါဗျ။ ခင်ဗျားကလည်း။
ကတ်သတ်--ပြီးရှိသေးတယ် တိရစ္ဆာန်နာမည်တွေ .ခြင်ပေါက်၊ ဖားပေါက် နဲ့ ကြက်မ
ဆိုလားဘဲ။ ပြီးတော့ ကွိကွိ၊ ကိကိ တဲ့ ဘာသံတွေလဲမသိဘူး
ကတ်သီး-- ဟာ….“ဆင်ပေါက်နဲ့ ကျားပေါက် ၊ ကြက်ဖ”လုပ်စမ်းပါ ကိုကတ်သတ်ရယ်
ကတ်သတ်-- ဒီကြားထဲ သားဆိုးတို့၊ ရင်မီ တို့ ၊ဂင်ချီ တို့၊ ပဲလေး တို့ကပါသေး။
ပြီးတော့ ဓာတုဗေဒ နာမည်တွေ ဘာ..အိတ်တူးအို၊ အိုတူး တဲ့ဗျာ
ကတ်သီး--သြော် သားစိုး၊ ဂျေမီ နဲ့ ဟဲလေး တို့ထင်တယ်။ ဓာတုဗေဒနာမည်...
သြော် ..ဓာတုဗေဒ ဘာသာရပ် ချစ်လို့နေမှာပေါ့ဗျာ
ကတ်သတ်--ပြီးတော့ ဘာဖုန်း ညာဖုန်း တွေရှိသေးတယ်ဆို။ လူကနေဖုန်းဖြစ်ရတယ်လို့ဗျာ။
ကတ်သီး--ခင်ဖုန်း၊ ရှင်ဘုဏ်း ပါဗျာ ခင်ဗျားကလည်း။
ကတ်သတ်--မသိပါဘူးဗျာ။ ဦးဖိုးကျားရဲ့မိတဆိုးရှင်ပြုထဲက“လှုပ်လီလှုပ်လဲ့သော်မော်
အရည်ပျော်”ဆိုကလို ဒီခေတ်နာမည်တွေက ဆန်းသကိုး။
ကတ်သီး--အင်း ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အင်္ဂလိပ်စာ ညံ့တာလဲထည့်ပြောအုံးလေ။
ကတ်သတ်--ဟုတ်ပြီ ဒါဆို အလကားရတဲ့ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေ
လိုက်တက်ဦးမယ်ဗျာ။
ကတ်သီး--တက်ပါ။ ပညာကတော့ ဒါနနဲ့ပါ။ ဒါပေမယ့်…ကျန်တာကတော့...ဟီး ဟီး ဟီး
Mar 20, 2008
မပြောချင်ဘူး ( Don't want to say but...)
တချို့တွေပြောပါတယ်။ အသက်လာလာမေးတော့ အမှန်အတိုင်းပြောတော့လဲ
လက်မခံချင်ကြဘူး။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်ပဲဆိုတော့
ရယ်ကြတယ်လေ။နှစ်ဆယ်ကို ဘယ်နှစ်နှစ် ကျော်ကျော် နှစ်ဆယ်ကျော်ရင်
ပြီးတာပဲမဟုတ်ဘူးလားလို့။
တာ့တာ......
Mar 11, 2008
ပါတီသစ် (New Party for Myanma Shakies)
ကိုကိုဖရီးတို့နိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖြစ်ရင်တော့ ကိုကိုဖရီးလည်း
ပါတီတစ်ခုထောင်ပြီး ၀င်ပြိုင်မလားစဉ်းစားမိတယ်ဗျာ။ ကိုကိုဖရီးထောင်မဲ့
ပါတီကတော့“ မြန်မာနိုင်ငံလုံးဆိုင်ရာ ယမကာသမားများအသင်း”-
League for Myanmar Drinkers (MDL) ဖြစ်ပါတယ်။
ဒီပါတီအတွက် အမာခံအအင်အားစုများ အတွက်လည်း ဘလော့ကာ
ရှက်ကီများအပြင် မြန်မာတစ်နိုင်ငံလုံးမှ “ဘော်ဘော် အမားသမူး”
တွေလည်းအဆင်သင့်ပါဘဲ။ထို့ပြင်အရက်ကိုတန်ဆေးလွန်ဘေးဆိုပြီး
မှန်မှန်ချနေသူများ၊ ဘုရားမကြိုက်တာမလုပ်ဘူးမိမိကြိုက်တာပဲ
လုပ်မည်ဆိုကာခပ်တည်တည်ကစ်နေသူများ၊ဘီယာပာာ
အရက်မဟုတ်ဘူး ပြောကာ အမြဲမူးနေသူများအားလုံးလည်း
ပါတီဝင်ရန်ဖိတ်ခေါ် အပ်ပါသည်။ ထို့ပြင်တခါတလေကြုံရင်ကြုံသလို
ဆွဲတတ်သောမိန်းကလေးများနှင့်ပါရမီဖြည့်ဘက်များအဖြစ်အမြည်း
လုပ်ပေးရန်စိတ်ဝင်စားသောအမျိုးသမီးများအားလုံးလည်း
အဆင်ပြေပြေပါတီဝင်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးသွားရန်ရှိပါသည်။
ထို့ကြောင့် အားလုံးရဲ့ အကြံပြုစာများကိုမျှော်လင့်လျက်….
Ko Ko Free ( Executive MDL Member )
Mar 6, 2008
“ဖရီး ၄ ဖရီး သဘင်ကြီး” (၂) Free 4 Free Thabingyi
“ဖရီး ၄ ဖရီး သဘင်ကြီး”
- ဒရိုင်ဘာနဲ့စပယ်ယာ ကားပေါ်မှာကွမ်းစားတာ
- ဟိုထွေးဒီထွေး တော်တော်လေး စည်းကမ်းမဲ့တယ်လေး
- တားမြစ်စာတွေ ကားမှာရေးတော့
- ဟေးလားကွယ်မောင်ရို့.. ဟေးလားကွယ်မောင်ရို့
- ဟေးလားကွယ်မောင်ရို့ ...ဟေးလားကွယ်မောင်ရို့
Subscribe to:
Posts (Atom)