ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 9, 2011

တောင်းပန်အသိပေးရှင်းလင်းကတိပြုဖောရှောအာဖြီးခြင်း

ခုတလော....ကိုကိုဖရီးပျောက်နေလို့ဆိုပြီး မိတ်ဆွေတွေက ပူပန်ကြတာ အားနာစရာဗျာ။ ပျောက်တာတော့ မဟုတ်ပါဘူး။ မတွေ့တာဖြစ်မှာပေါ့နော်။                            ဟုတ်ဘူးလား။ ဟိ။ စာရေးရရင်ပြီးရောဆိုပြီး လက်နဲ့ပဲ စာရေး..အဲ..အဲဒီလိုမဟုတ်ပါဘူး.. ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ငြိမ်းချမ်းခရီး လှည့်လည်နေတယ်              ဆိုပါတော့ဗျာ။ (အဟီး..ဆက်ဖြီးမှ ) ကိုကိုဖရီးဆို အအိပ်ပျက်. (ဘောပွဲကြည့်ခြင်းကြောင့်) .           အစားပျက်..( သွားနာနေခြင်းကြောင့် ) ခံပြီး လူသားအကျိုးအတွက် ကမ္ဘာတစ်ခွင်လျှောက်သွား          လိုက်တာ အာဖရိကဆို ဆိုမာလီယာ၊ ချဒ်၊ ဆူဒန်၊ အီသီယိုးပီး.ယား၊ တူနီရှား၊ အီဂျစ်၊ လစ်ဗျား နိုင်ငံတွေပေါ့ဗျာ။ အာရှဆိုလည်း အရှေ့အလယ်ပိုင်းတစ်ခွက် ပြဲပြဲစင်ဆိုပါ့တော့ဗျာ။               အစရေး ပါလက်စတိုင်း၊ ဆီးရီးယား၊ ယီမင်၊လက်ဘနွန်တွေပေါ့။ ကိုကိုဖရီးရဲ့ ငြိမ်းချမ်းရေးခရီး အောင်မြင်တာကို မိတ်တွေတို့ မြင်တွေ့ကြမှာပါနော်။ ဟီး။ ခုသူတို့အေ၇းမှာ          ကိုကိုဖရီးရဲ့ ရှို့မီး...ဟုတ်ပေါင်..အဲ..ငြိမ်းချမ်းရေး စနက်တံကြောင့် လောင်သွားတာမဟုတ်ပါဘူးခင်ည။ အဟင့်..ဟင့် ။ သူ့ဘာသာလောင်ချင်နေတာ ကိုကိုဖရီးက ဓာတ်ဆီလေး ၂ ဂါလံလား လောင်းလိုက်မိတာပါခင်ည။ ဤသို့ ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ကမ္ဘာတစ်ခွင်ခရီးစဉ် (စိုးရန်အောင်မဟုတ်) နဲ့ ကိုကိုဖရီး အလေလိုက်ပြီးသကာလ           မိခင်နိုင်ငံကြီးအတွက် သမိုင်းပေးတာဝန်ထမ်းရွက်ဖို့ အချိန်တန်လာတယ်ခင်ည။ ပြန်လာဖို့လဲ ဟိုဘဘကြီးက ခေါ်နေတာကိုး..ဟိ။  ထို့ကြောင့် ကိုကိုဖရီးတစ်ယောက် ကျည်မဖောက်၊          ဗုံးမတိုးနိုင်သော အကျီ င်္ကြီးဝတ်၊ တိုင်းရင်းသားဘာသာစကားပေါင်းစုံ ပြောနည်း                 စာအုပ်ကြီးကိုင်ကာ ပါးစပ်မှ သက်စောင့်ဂါထာအကြိမ်တစ်သန်းရွတ်၊ မီဒီယာတွေလုံးဝ           ဂရုမစိုက်အောင် ဟိုမင်းသမီးရဲ့ ယောက္ခမကြီးပိုင် ကုန်မဏီကားကြီးနဲ့အထွက် ...အမလေးဗျာ..အဟင့်...ကိုကိုဖရီးဗွေဆော်ဦးရလိုက်တာက..စကဒ်ဒုံးကျည်လဲ ဟုတ်ဘူး။ အာပီဂျီဗုံးသီးလည်းဟုတ်ဘူး။ နျူကလီးယားဒုံးပျံလဲ ဟုတ်ဘူး။ အဟင့်ဟင့်... အိမ်ရှေ့အိမ်က လင်မယားရန်ဖြစ်ရင်း ကိုကိုဖရီးရဲ့ လေကြောင်းပိုင်နက်ကို ကျူးလွန် ရောက်ရှိလာတဲ့ ဒန်အိုးစုတ်တစ်လုံးဗျ.. တိန်...ဒေါင်..အမလိ.. တေပြီဆြာ..။. ဤသို့ဤနယ် ကမ္ဘာကြီး               ငြိမ်းချမ်းရေးကို အမှုထားတဲ့ ကိုကိုဖရီးတစ်ယောက် ကိုယ့်နိုင်ငံ ကိုယ့်အိမ်ဝန်းကျင်တောင် ငြိမ်းချမ်းမှုရှိအောင် မဆောင်ရွက်နိုင်သေးဟု နဖူးမှ ဘုအား စမ်းပြီး သုံးသပ်ကာ                 နောက်ဆုံးအိမ်ထဲ ခပ်ကုပ်ကုပ်ဝင်ခဲ့ရလေတော့....သတည်း ..။ (သာဓုမခေါ်ရ)
မှတ်ချက်။
”မိတ်ဆွေများအတွက် ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (ဇတ်သိမ်းပ်ုင်း) ၊ ပုလင်းထောင်         မိုးမောင်         ( ဇတ်သိမ်ပိုင်း) များအား များမကြာမီ တင်ဆက်ပေးမည်ဖြစ်ပါကြောင်း           ကြိုတင်အသိပေး အာပေးလိုက်တဲ့.. “
မူလလက်ဟောင်းဂန္ထ၀င်ကိုကိုဖရီး

Mar 25, 2011

ဒဲကွီး..လောက်ပတ် ခြင်း

လှုပ်..လှုပ်..လှုပ်ပါဟေ့.. ရေအိုးလေး ...လှုပ်ပါဟေ့...လှုပ်..လှုပ်..အမလေး..လှုပ်ပြီ..
ကျပြီ..ဟိုက်.ကွဲပြီ.. “ဂွမ်း” ။ ဤကား..အိုးလေးလှုပ်ရာမှ..အိုးကွဲ..အဲ..စိုင်းစိုင်း၏သီချင်း
ကား မဟုတ်ပေ။ ယခုတစ်လော သဘောမနော ကောင်းလှစွာ မကြာခဏ လှုပ်နေသော
ိမဟာပထ၀ီ မြေကြီး၏ တုန်ခါမှုကြောင့် ကိုကိုဖရီး၏ မရှိမဲ့ရှိမဲ့ ပိုက်ဆံဖြင့်ဝယ်ထားသော ရေအိုး
လေးကျကွဲသွားသံပင်တည်း ။ အနှီ ငလျင်မှာ မကြာသေးမီက ဂျပန်နိုင်ငံတွင် အဖျက်စွမ်းအား
ကြီးမားစွာ လှုပ်ပြီးသကာလ ယခုတော့ ကိုကိုဖရီးတို့၏ ရွှေနိုင်ငံတော်ကြီးအတွင်း လှုပ်ခတ်လာပြန်ချေပြီတမုံ့ ။
နဂိုးကတည်းက မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေရာ ယခုငလျင်ကြောင့် ထိုလှုပ်နေသော မျက်ခုံးပြုတ်ကျသွားမှာပင်
စိုးရိမ်လာရလေသည်။ ..အဟင့်..မျက်ခုံးမွှေးပြန်စိုက်ရရင် မချောင်ဘူးခင်ဗျ။ ဖတ်ရသော သတင်းများအရ..
တိုက်အမြင့်ကလူများ ငလျင်လှုပ်ချိန် အလောတကြီးပြေဆင်းလာကြသည်ဆိုပဲခင်ဗျ။ ကိုကိုဖရီးလည်း..နုပျိုဆဲ
ရွှေအသက်တော်လေးကို ထိန်းသိမ်းရန် အမြန်ပြေးဆင်းလာသည်တွင်...ဒဲကွီး..လောက်ပတ်..အဲ..ဒူးကွဲ
ကာ လက်ပေါက်ခဲ့လေတော့သည်။ ဤသို့ ဆို၍ ကိုကိုဖရီးအား..အလွန်တရာမြင့်လာစွာသော တိုက်ပေါ်မှ
ပြေးဆင်လာသည်ဟုတ်မထင်စေလိုပေ။ ခနော်နီခနော်နဲ့ ဆောက်ထားသည့် လူ့ ခါးသာသာအမြင့်မှ ခုန်အချ
အောက်ကခြေနင်းတက်ရန်ချထားသော အုတ်ခဲ ချော်သွားရာမှ ထိုသို့ ဖြစ်ချေခဲ့သည်တကား ။ အဟင့်...
အဖြစ်ရယ်မှ ဆိုးရတော့တယ်...အဟင့်..အဟင့် ။
(မူလလက်ဟောင်း..ဖရီး)

Dec 25, 2010

ဖရီးရေဒီယို

မြန်ပြည်တစ်လွှားခုတလော ..နာမည်မျိုးစုံနဲ့ရေဒီယိုလှိုင်းတွေ အပြိုင်အဆိုင်ထောင်ကြတာ အားကျရင်းနဲ့ ကိုကိုဖရီးတစ်ယောက် ညကျတော့ အိပ်မက်မက်မိပါတယ်။ အိပ်မက်ထဲမှာ ကိုကိုဖရီးရဲ့ ..ဖရီးဖောလိုင်းသစ်ဟာ နည်းပညာအရရော ငွေကြေးအရပါ အတော်လေးတောင့်တင်းတော့ မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ ကတောင် ဒေါ်လာ ၄ ၊ ၅ ဘီလီယံပေးပြီး တောင်းဝယ်တယ်ဆိုပဲခင်ဗျ။ ကြည့်လေ ကိုကိုဖရီးရဲ့ …ဖရီးဖောလိုင်းကို ကမ္ဘာ အနှံ့အပြားက ဖမ်းနိုင်အောင်ဆိုပြီး ဧ၀ရက်တောင်ထိပ်မှာတောင် တိုင်ထူပြီးလွှင့်တာလေ။ လူမျိုးဘာသာမရွေး နားထောင်နိုင်အောင်ဆိုပြီးလည်း ကုလားလို.တရုတ်လို..ဘိုလိုရော..မြန်မာလိုရော ဘာသာပေါင်းစုံနဲ့လွှင့်တော့ အောင်မြင်လိုက်တာ မပြောပါနဲ့တော့ဗျာ။ ( အိပ်မက်ထဲမှာနော်)။ ဒီလို အောင်မြင်တာတောင် အားမရသေးတော့ တိရစ္ဆာန်တွေပါ နားထောင်နိုင်အောင် ဆိုပြီး ကိုကိုဖရီးက တိရစ္ဆာန်ဘာသာစကားနဲ့တောင်လွှင့်မလို့ ကြံစည်လိုက်တယ်ခင်ဗျာ။ (သြော်..မေတ္တာတရားကြီးမားသူကိုး..)
ဒီလိုနဲ့ စမ်းသပ်လွှင့်မဲ့ကာလရောက်လာတယ်လေ။ အရင်ဆုံး ခွေးဘာသာစကားနဲ့လွှင့်မှာဆိုတော့.အသံလွှင့်မိုက်ရှေ့မှာ
ခွေး ၂ ကောင် ၃ ကောင်ခေါ်ပြီး ကြိုးနဲ့ချည်ထားလိုက်တယ်။ အဲ…စတင်မလွှင့်ခင်ကတည်းက ကမ္ဘာတစ်ဝန်းလုံးက
ခွေးပိုင်ရှင်တွေကိုလဲ ကြေညာထားလိုက်တော့ ခွေးတွေခမျာ..ဘုမသိဘမသိနဲ့ ရေဒီယိုရှေ့ စုရုံးနေကြပြီခင်ဗျ။ အချိန်ကျတော့…အသံလွှင့်မဲ့ ခွေးတွေကို တုတ်နဲ့ထိုး..မုန်နဲ့မျှားပြီး မြူ.. ဖင်တွေကို ပိတ်ကန်တဲ့ကောင် ပိတ်ကန်.လိုက်တော့..အမလေး..ထွက်လာတဲ့ အသံတွေဗျာ…အု..၀ု…ဆိုတာတွေရော..ကိန်..ကိန်. .ကိန်..ဆိုတာတွေရော..ဝေါင်း…ဝေါင်း ..ဟဲဟဲဟဲ…တွေရော စုံလိုက်တာဗျာ။ ဒီအသံတွေလဲ ကြားရော ကိုကိုဖရီးတို့ရဲ့
သောတရှင် ခွေးပရိသတ်ခင်မျာ.. နားရွက်ကုပ်သူကုပ်..ပြန်ဟောင်တဲ့ကောင်ဟောင်..ထွက်ပြေးတဲ့ကောင် ထွက်ပြေးနဲ့
ဝရုန်းသုန်းကား တွေဖြစ်ကုန်တယ်ခင်ဗျ။ ဒီအထိတော့..ပတ်ဝန်းကျင်ကရော..ခွေးရှင်တွေကပါ သဘောကျပြီး..ရယ်နိုင်သေးတယ်ခင်ဗျ။ ဒါပေမယ့်..နောက်အစီအစဉ်လဲကျရော..ကိုကိုဖရီးခင်မျာ.. ။
အဟင့်..။ ဒီလိုလေဗျာ။ အထူးအစီအစဉ်…ခွေးတစ်ကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်..ဆိုပြီး ခွေးဝဲစားအထီးတစ်ကောင်ကိုခေါ်..နားကြပ်တပ်ပေးပြီး အသံဖမ်းထားတဲ့ ခွေးမအူသံကို နားထောင်ခိုင်းလိုက်တာ..အဲဒီခွေးခမျာ..ဖီးလ်အပြည့်နဲ့ အူပါလေရောဗျာ။ ရေဒီယိုက ခွေးအူးသံလဲ ကြားရောတစ်ကမ္ဘာလုံးက ခွေးတွေလဲ..လိုက်အူလိုက်ကြတာ..တစ်ကမ္ဘာလုံးခွေးအူသံတွေနဲ့ ..ကြားရသူအပေါင်း နားကြောစိမ့်ကုန်တယ်ခင်ည။ ဒီမှာတင်..ကိုကိုဖရီးရဲ့ အသံလွှင့်ရုံကို အိုပါးကြီး (အမေရိကန်သမ္မတကြီးအား ချစ်စနိုးအခေါ်) ကပိတ်ရင်ပိတ်..မပိတ်ရင်..ကိုကိုဖရီးကို အင်္ဂါဂြိုဟ် ပေါ်မှာကိုယ်တုံးလုံး နဲ့သွားပစ်ထားမယ်ဆိုလို့ တွေးကြည့်တာတောင်..ချမ်းလာရင်း..ဖျတ်ခနဲ ဆို..လန့်နိုးလာခဲ့ပါတယ်။ နိုးလာတော့..စောင်မခြုံထားတဲ့ ကိုယ့်ကိုကိုယ် ကြည့်ရင်း.. သြော်….ရန်ကုန်ရဲ့ မချင့်မရဲ ဆောင်းအအေးဓာတ်ကြောင့်မက်မိတဲ့ အက်ဖ်အမ် အိမ်မက်လို့
ဝိဂြိုဟ်ပြုရင်းနဲ့……နားပါရစေနော်။

Nov 10, 2010

ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၈)

ယခင်အဆက်....
အမလေး ဒီ..ကိုကိုဖရီးကလဲ ဘယ်လိုဖြစ်ပြီးငွေပဲကြည့်နေရတာလဲ..ဟဲ့ဟဲ့ ငါက
သူများတကာတွေကို ထောက်ပံ့နေတာကိုးဟ။ ဟင်..ဘယ်သူတွေကိုထောက်ပံ့နေရလို့လဲ။
မာဆတ်ခ်ျက ကောင်မလေးတွေပေါ့ဗျာ ဟဲဟဲ..ဟု ထွန်းဂေါက်မြွေမှ ၀င်ဖွလိုက်သည်။
ဟ.. ဒါက တိုင်းပြည် စီးပွားရေးတက်အောင် တစ်ဖက်တစ်လမ်းက ကူညီနေတာကွ။
သူတို့လေးတွေခမျာ သနားပါတယ်ကွာ။ ဒီလိုနေရာတွေမှာ ငွေသုံးလိုက်တော့ မာတီပလယာ
အက်ဖတ်ခ် တွေ ကြောင့် ဂျီဒီပီတိုးသွားနိုင်တယ် မဟုတ်လား။ အင်ဖော်မယ်ဆက်တာ
တွေကို လျှော့တွက်လို့မရဘူးကွ။ တစ်နည်းအားဖြင့် ဆားဗစ် ဆက်တာတွေပေါ့ကွာ။
ဖြည်းဖြည်းပြောစမ်းပါကွာ တံတွေးစင်လိုက်တာ။ အီးဝေဖြိုးဆိုသူ မိန်းကလေးမှ..
ကဲ..ကဲ..ဒါတွေ ခဏထားဦးရှင့်။ ဘလော့ဂါအချင်းချင်း ညီအစ်ကိုမောင်နှမလိုနေကြအောင်
ကျွန်မတို့က ကြိုးစားရမှာပေါ့ရှင်။ ဟုတ်တယ်ဟုတ်တယ်..ကျွန်မ တို့က သွေးထွက်သံယိုတွေ
မကြည့်ရဲလို့ ကိုရီးယားအချစ်ကားတွေပဲကြည့်ကြတာ။ ရောင်ဆင်၊ လင်လက်ဖြူ စသည့်
မိန်းကလေးများကပါ ၀င်ထောက်ခံလိုက်ကြသည်။ အင်း အချစ်ကားတွေထဲမှာ သွေးထွက်သံယို
ထွက်တဲ့ကားမှ မကြည့်ဘူးကြတာကိုး..ဟိ။ ဟင် ရှင်..ဘာပြောတာလဲ။ ဘာပြောတာလဲ။
ဟင်..ဘာမှပြောပါဘူး၊ ပြောပါဘူး။ အချစ်သရဲကားလို့ ပြောတာ။ဟီး။ ကတ်ကတ်လန်
ရန်တွေ့လိုက်သော ကောင်မလေးများကြောင့် ကိုကိုဖရီး ခမျာ မနည်းပြန်ဖြေလိုက်ရသည်။
ကိုကိုဖရီး တို့အုပ်စု ဆိုင်တွင်း၌ ဟိုပြောဒီပြော ပြောနေကြစဉ် ဆိုင်တွင်းသို့ ထပ်မံဝင်ရောက်
လာသူမှာ ခေတ်သစ်ဂျပုပိုင်ရှင်အရူးကတစ်မူးသာသည့် “ကိုယုသာ”ဆိုသူပင်ဖြစ်သည်။
ထိုသူမှာ ကုပ်ချောင်းချောင်းဖြင့် ၀င်လာကာ ညောင်နာနာအသံဖြင့် ကျွန်တော် ကဗျာစာအုပ်လေး
ရောင်းချင်လို့ပါခင်ည။ အေ့...ပြောရင်းဆိုရင်း..ခါးကြားထိုးထားသည့် အရက်ဖြူပုလင်း
ဆွဲထုတ်ကာ တစ်မော့မော့ချလိုက်သည်။ ထို့နောက် တုန်ချိချိဖြင့် အင်္ကျီရင်ဘတ်ကြားမှ
ကဗျာစာအုပ်များကိုထုတ်လိုက်လေသည်။ ကဲပါဗျာ...။ ခင်ဗျား ဘယ်နှအုပ်..ပါလဲ။
အကုန်ထားခဲ့။ ခင်ဗျားကြည့်ရတာ..ကဗျာဆရာပီသပါပေတယ်။ မွဲတေတေစုတ်ချာချာဆိုတော့။
.ဘယ်လောက်ကျလဲ..ကျုပ်ပဲ အကုန်ယူလိုက်မယ်။ ..ကိုကိုဖရီး၏ ဘောစိစတိုင် မထီတထီ
ပြောလိုက်ဟန်ကြောင့် ထိုသူ၏မျက်ဝန်းများမှာ ရီဝေနေရာမှ ရုတ်ချည်းတင်းမာသလိုဖြစ်ကာ
ကျုပ်အနုပညာကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့တော့မရဘူးဗျ။ တော်ပြီ မရောင်းတော့ဘူး။ ရော့
အလကား ယူလိုက်တော့ ။ ဒါပေမယ့်အရက်တော့ဝယ်တိုက်..ဟီးဟီး ။ ကောင်မလေးဆီက ပိုက်ဆံချေးပြီးအသစ်ထုတ်ထားတာဟု. ကိုယုသာ ပြောနေစဉ်မှာပင် လက်တစ်ဖက်က ကင်မရာ
အစုတ်တစ်လုံးကိုင်ကာ နာမည်ကြီးဓာတ်ပုံဆရာလိုလို ကွန်ပြူတာ လိုက်ပြင်တဲ့သူလိုလို
မျက်မှန်တပ်ထားသည့် တိုတိုစတန်လေ ခြေတစ်လှမ်းကုဋေ တစ်သန်းနှုန်းဖြင့် ၀င်လာလေသည်။ “မိတ်ဆွေများခင်ဗျား..ကျွန်တော်ရဲ့ ဓာတ်ပုံဆိုင်ဖွင့်ပွဲလေးအတွက် အခမဲ့ ဖရီး ရိုက်ပေးဖို့ ပရိုမိုးရှင်း လာလုပ်တာခင်ဗျ” ဖြူတဲ့သူမည်းအောင် မည်းတဲ့သူမှောင်သွားအောင် စေတနာနဲ့
ရိုက်ပေးပါရစေခင်ဗျ” ဟာ..ကောင်းလိုက်တာဗျာ။ ကျွန်တော့်လို ညိုစိမ့်စိမ့် ချောသူတွေအတွက်ရော..ဘယ်လိုလဲဗျ”..ဟု ဂန်ပါပီနဲ့ အသားရောင်ချင်း မတိမ်းမယိမ်းဖြစ်နေသည့် ထွန်းဂေါက်မြွေမှ..ပြောလိုက်ရာ..ကိုကိုဖရီး..မှ မပူပါနဲ့ကွာ..မင်းကို ဖြူသွားအောင်အရင်လုပ်ပေးဖို့ နည်းလမ်းငါသိတယ်ကွ။ဟုတ်လား..။ အေး..ရေနွေးပူနဲ့အရင်လောင်းလိုက်မယ်လေ..ဟီး။
ခွေးကောင်..ဟု ထွန်းဂေါက်မြွေမှ ဖြူနုနေသော ကိုကိုဖရီးအား မလိုတမာဖြစ်စွာပြောလိုက်လေသည်။
ထိုအခါတွင် ငြိမ်နေသော...(နောက်မှဆက်ရန်ပါခင်ဗျ....)

အားနာစွာဖြင့် မူလလက်ဟောင်းဖရီး

Sep 19, 2010

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၇)

ဂန်ပါပီကြီးနှင့် အိုစမာအာလာဒင်၏တပည့်များ ထွက်သွားပြီးနောက်
ချက်ချင်းဆိုသလို အွန်လိုင်းမယ်တော်ကြီးများဟု နာမည်ကြီးနေသော
ဘလော့ဂါမမများ ဆိုင်အတွင်းသို့ အူလျားဖားလျား ၀င်လာသည်ကို
တွေ့လိုက်ရလေသည်။ ယင်းအုပ်စုတွင် မတက်ဆင်(သက်ဆင်၏ညီမမဟုတ်ပါ)၊
ဂရင်း၊ ဘုဝေ၊ နန္ဒာမှိုင် ၊ နှင်းပွဖြူလေး၊ ဆောင်းနှင်းဘူ၊
စားတော်ကဲ ချန်ဂိန်ခေါ် အန်တီဂလုဂလု၊ ခင်ဦးမြွေ၊ အီးဝေဖြိုး၊ ရောင်ဆင်၊
လင်လက်ဖြူ စသည့် ဘလော့ဂါ ပျိုဖြူလေး၊ ပျိုဖြူကြီး၊ ပျိုဖြူစကောစကကြီး
များ ပါဝင်လေသတည်း။ မတက်ဆင်မှ “..ကဲ..ကဲ..ဒီမှာဘာလုပ်နေကြတာလဲ.
..ခုဘလော့ဂါတွေ.. ဆော်ကြနှက်ကြကုန်ပြီတဲ့” “ဘာ....
ဘယ်သူတွေဘာဖြစ်ကြတာလဲဗျ..” ထွန်းဂေါက်မြွေ၏အမေးသံနှင့်အတူ...
ပလေသင်ကာမှ “..ဟာ..ဒါများဗျာ..အရင်ကတည်းက အုပ်စုတွေအမျိုးမျိုး
ကွဲနေကြတာ...ဖြစ်ကြတာလည်း ဘာဆန်းတာမှတ်လို့..”ဟု အေးအေးလေး
ပြောလိုက်၏။ “အေးလေ...ဘလော့ဂါယူနီယံဘာညာ
တောင်မရှိသေးတဲ့ဟာ... ကိုယ်ထင်ရာကိုယ်ရေး..ကိုယ်ဆော်ချင်တဲ့သူကို
ဆော်နေမှတော့ ဖြစ်မှာပေါ့” “ဟာ..ဒီလိုကိုယ်ထင်ရာ ကိုယ်ရေးတယ်လို့တော့
လွယ်လွယ်မပြောနဲ့လေ” ဟု ဟန်သစ်မိန်ကြီးမှ ထွန်းဂေါက်မြွေ၏ စကားကို
လက်မခံနိုင်သည့်ပုံစံဖြင့် ပြောလိုက်ရာ..“တော်ပါတော့ရှင်.. တော်ကြပါတော့..
ရှင်တို့ကလည်း ဒီလိုပဲ တစ်ဆိတ်ရှိ ကိုက်ချင်...အဲ..အချင်ချင်းတိုက်ဖို့ပဲ
ချောင်းနေတာပဲ။တကတည်း..ဟွန်း..” ဟု မဘုဝေ မှ မြင်ပြင်းကတ်စွာ
ပြောလိုက်လေသည်။ အခြေအနေကြည့်၍ ဂလိုဘယ်ကြီးခမျာလည်း ပုလင်းများ၊
ဖန်ခွက်များကို မသိမသာရော သိသိသာသာကြီးပါ လိုက်သိမ်းနေ၏။ ထိုအခိုက်
..ကိုကိုဖရီးမှ..“ဟားဟားဟား..ဟုတ်ပြီ...ဒါ ဘလော့ဂါတွေအခက်
ကျွန်တော်ရဲ့အကွက်ပဲဗျ. “ဘာ..ဘာကွက်လဲ၊ ပွေးကွက်လား” “ဟာ..
.ဘယ်ကလာ..ခင်ဗျားဖင်က အကွက်ဖြစ်ရမှာလဲ၊ ဒါဂွင်ဗျဂွင်..” ဟု
ထွန်းဂေါက်မြွေ၏ အမေးကို ကိုကိုဖရီးမှ ဖြေလိုက်သည်။ ကျုပ်စဉ်းစားမိတာက
ဘလော့ဂါပေါင်းစုံလက်ဝှေ့ ပြိုင်ပွဲကြီး ကျင်းပမလို့လေ။ ၀ိတ်တန်းကတော့
အလွတ်တန်းလေးပေါ့ဗျာ။ ဟဲဟဲ။“အင်း..ဒီဖရီးကလဲ အလကားနေရင်း ဖရီးရိတ်ရမဲ့
ဂွင်ပဲ ဆင်နေတာပဲ။ ” “ဆင်ရမယ်ဗျ။ ဆင်ရမယ်။ ခုဆိုရင် ဟီလာရီဆွဖ်နဲ့ မီဂန်ဖောက်စ်
တို့က သူတို့ကို အတည်တကျယူပါ တကဲကဲဖြစ်နေလို့ မနည်းတားထားရတယ်။ ဟွန်း။
ငွေက ရှာရလွယ်တာမဟုတ်ဘူး။” “ အု..ပြောမိတာမှားပါတယ် ဖရီးရယ် ။”
ကိုကိုဖရီးနှင့် ခင်ဦးမြွေ တို့၏ စကားကြောအား
အန်တီဂလုဂလုမှ..ကဲ..ကဲ..အဲ့ဒါတွေ နောက်မှပြော..ဗိုက်ဆာနေပြီ။ ရောက်တုန်း
ရှိတာလေးတွေအကုန်ချ၊ စားလိုက်ဦးမယ်။ ထိုအခါ ဒိုင်နာရီဆိုသည့်
ကပြားမလေးမျက်နှာမှာဝမ်းချုပ်တာကြာ၍ အလွန်ပြင်းထန်သည့် ဓာတုဓာတ်ငွေ့အား
ရှူရှိုက်မိသည့်အလား ရှုံ့ တွသွားလေသည်။ မီးတို့ဆီမှာ ဘာမှအရှိတော့ဘူး။
စားချင်ရင် ကိုယ့်ဘာသာ သွားဝယ်ပြီး ချက်စားတော့ ဟု လောကွတ်ပျူငှာစွာ
ပြောလိုက်လေသည်။ ဂလိုဘဲကြီးမှ..ဟဲ့ဟဲ့.. အဲဒီလိုမပြောနဲ့လေ။ သွား..မနေ့က
နောက်ဖေးမှာ ရိုက်သတ်ထားတဲ့ ကြွက်စုတ်ကြီးတစ်ကောင်ရှိသေးတယ် မဟုတ်လား။
ရှယ်ကင်ပေးလိုက်ပါလား ။ ထိုအခါ...ဝေါ့...ဂလိုဘဲကြီး၏ ကြွက်ကင်အသံ
ကြားလိုက်သည်နှင့် ဟန်သစ်မိန်ကြီးခမျာ.သောက်ထားသောရေများ..အဲ...
အရက်များ ပြန်အန်ထွက်လာလေသည်။ “ခင်ဗျား..ဗျာ..အမြည်းကို
ဒါမျိုးတွေ ပြင်ထားရလားဗျ။ တော်ပြီ နောက် လာမသောက်တော့ဘူး။”
“အေးလေ၊ ရတယ်။ မသောက်ချင်နေပေါ့။ ခင်ဗျားလို အရက်ထက်
ရေများများသောက်၊ အကြွေးကလဲ ယူသေးတဲ့သူမျိုး မရောင်းရရင် ပိုတောင်
ကောင်းသေးတယ်။ ခင်ဗျားကို ရေဖိုးပဲယူမယ်၊ အရက်ဖိုးတော့မယူဘူး သိလား
၊ ဟွန်း။ ”ဂလိုဘဲကြီး၏ ဘုကျကျစကားကြောင့် ဟန်သစ်မိန်ကြီးခင်ဗျာ..
အမြီးကုပ် အဲ..ဟိုကုပ်ဒီကုပ် ကုပ်ရင်း ငြိမ်သွားလေသည်။ ထိုစဉ်..ကဲ..
ဘယ်လိုလဲ..ကျွန်တော့်အကြံကို..ဟု ကိုကိုဖရီးမှမေးလိုက်စဉ်
ဆောင်းနှင်းဘူ ဆိုသည့်ကောင်မလေးမှ...

(ဆက်လက်စောင့်စားဖတ်ရှုပါရန်ဟု တောင်းပန်ရင်း)

မူလလက်ဟောင်း အော်ရီဂျင်နယ်ဖရီး