ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 16, 2010

အရေးကြီးပစ္စည်း

ခုတစ်လော ကိုကိုဖရီးတစ်ယောက် ဂျာနယ်တွေထဲက အင်တာဗျူးလုပ်ထားတာတွေဖတ်ရင်း စိတ်ထဲ ခုလုခုလု ဖြစ်နေရပါတယ်။ အကြောင်းရင်းကတော့ ဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်။ အင်တာဗျူးက မင်းသားမင်းသမီးတွေနဲ့မော်ဒယ်အချို့ကို မေးထားတာခင်ဗျ။ မေးထားတဲ့ အကြောင်းအရာတွေကတော့ သွားရည်ကျစရာတွေပါ။ (သွားရည်ခံအိတ်လေးဘာလေးခံပြီး ဖတ်ပေါ့) မေးထားတာက သူတို့ရဲ့သွားလေရာဆောင်တတ်တဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေအကြောင်းခင်ဗျ။ ပြန်ဖြေထားတာတွေကလည်း အင်မတန်မှ အထင်ကြီး စရာပဲဗျာ။ ဆယ်သိန်းတန်ပန်းသီးဖုန်းတို့၊ ငါးသိန်းတန်ရဲမျက်မှန်တို့ အဲ..အဲ..(Police) ဘရန်းန်ကိုပြောတာနော်။ မင်းသားတစ်ယောက်ဆိုရင် သုံးနေတဲ့ပစ္စည်းတွေအားလုံး နိုင်ငံပေါင်းစုံက ၀ယ်လာတာချည်းပဲခင်ဗျ။ မြန်မာပြည်မှာ ၀ယ်တာတစ်ခုမှမရှိတော့ ..အင်း..နိုင်ငံခြားရောက်ဖူးတာ ထည့်ကြွားစရာမလိုတော့ဘူးခင်ဗျ။ ဟီး ။ သူတို့သုံးနေတဲ့ ပစ္စည်းတွေမှာ သိန်းကျော်တန် ဘောင်းဘီတွေ၊ စကဒ်တွေ၊ အင်္ကျီတွေ၊ နာရီတွေက မစားရ ၀ခမန်းပါပဲ။ ဘာပဲဖြစ်ဖြစ်မုဒိတာပွားရပါတယ်ခင်ဗျ။ (ကိုယ်က ဒါပဲတတ်နိုင်တာကိုး..ဟိဟိ)။ မော်ဒယ်လေးတစ်ယောက်ဆိုရင် သူ့ ၀င်ငွေဘယ်လောက်ရမှန်းတော့ မသိဘူး။ ဆင်ထားတဲ့ တစ်ကိုယ်လုံးက ပစ္စည်းတွေတန်ဖိုးက အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူးခင်ဗျ။ (ပြည်တွင်းအခွန်ဌာနကလူတွေ အလွတ်မပေးနဲ့နော်)။ ဒီတော့ မြန်မာပြည်မှာ မော်ဒယ်တွေဒီလောက်ထောနေမှန်း မသိတဲ့ ကိုကိုဖရီးတစ်ယောက် ညံ့ဖျင်းတာ ၀န်ခံရပါမယ် ခင်ဗျ။ အင်း..ဘာစပွန်ဆာ ညာစပွန်ဆာ တွေကလည်း သိပ်ရက်ရောကြတယ်ဆိုပဲ။ မော်ဒယ် အိုနာမီကမ်းဘဲတို့ စင်ဒီကရော့ဖို့ တို့တောင် ဒီမှာလာလုပ်စားဖို့ခက်နေဦးမယ် ခင်ဗျ။ ဒါပေမယ့်..ကိုကိုဖရီး သိပ်အံ့သြရတာ တွေ့လာတယ်ခင်ဗျ။ ဒီမော်ဒယ်တွေ မင်းသား မင်းသမီးတွေခမျာ တစ်ကိုယ်လုံးက ဟာတွေ ကုန်အောင်ကြွား..အဲ.အဲ..ဖြေထားတယ်ဆိုပေမယ့်. .အလွန့်အင်မတန်မှ အရေးကြီးတဲ့ အသုံးအဆောင်တွေများကျန်နေသေးသလားလို့ပါ။ ဟီးဟီး..ဘာများပါလိမ့်။ ဘာလဲဆိုတော့.. အတွင်းခံဘောင်းဘီတို့၊ ဘရာဇီယာတို့ခင်ဗျ။ ဟုတ်ဘူးလား။ အင်း...ဘယ်သူကမှ ကျွန်တော်ကဖြင့် ဘယ်လောက်တန် အတွင်းခံဘောင်းဘီ၊ ကျွန်မကဖြင့် ဘယ်လောက်တန် ဘော်လီဝတ်ထားတာတို့ ပြန်ဖြေတာ မတွေ့မိဘူးခင်ဗျ။ ဟီးဟီး..ဒီတော့..ကိုကိုဖရီးစဉ်းစားမိတာက.အင်း..သူတို့တွေ ဒါတွေမှ ၀တ်ကြရဲ့လားလို့ လေ။ မ၀တ်ဘဲနဲ့ဆိုရင်..အမလေး..လေး..တော်တော်သတ္တိရှိကြတဲ့သူတွေပဲဗျ။ ဒါပေမယ့် ဟို မော်ဒယ်မင်းသမီးကိုတော့ ချီးကျူးရမယ်ထင်တယ်။ အတွင်းခံဘောင်းဘီ ကြော်ငြာမှာ သူက ဘောင်းဘီကို ဦးစားပေးကြည့်တာခင်ဗျ။ ဘယ်နားကြည့်လဲ ပြောတော့ဘူး .. ပြောတော့ဘူး..။ ပြီးတော့ မင်းသားဘယ်ဘောင်းဘီဝတ်လာမှန်း ကြည့်လိုက်တာနဲ့တန်းသိပြီး တစ်ခါတည်းလိုက်သွားတယ်လေ။.. သြော်..ကြော်ငြာ ဒါရိုက်တာခမျာ တော်တော်လော့ဂျစ်ကျ အောင် ရိုက်နိုင်တယ်နော်။ ဒီလိုပဲ မြန်ပြည် ဘလောဂါ တစ်လွှား ဖိန့်ဖိန့်မတုန်အောင် လူမသိသေးတဲ့ကိုကိုဖရီးရဲ့ သွားလေရာ ယူသွားတဲ့ ဟာတွေကို ဂျာနယ်မမလေးတွေက မေးလာတယ်ဆိုရင်ဖြင့် အဟမ်း..ဟမ်း (၁) ထီးစုတ်တစ်လက် (၂) အပေါစားလေးဘမ်းတံဆိပ် နာရီတစ်လုံး (၃) လူအထင်ကြီးအောင် ဟန်ဆောင်ကိုင်ထားတဲ့ ကစားစရာ ဖုန်းတစ်လုံး (အပေါ်တွင် မော်တိုရိုလာ စာတန်းပါ)၊ (၄) ကိုးပါးဆေးလျက်ဆား၊ (၆) ကြက်ကြောက်အိတ် (နာဂစ်ခံဒေသမှလူများအခေါ်) ..အဲ..အိတ်အမဲတစ်လုံး (၇) တွယ်အပ်ကြီးကြီး (ဖိနပ်ပြတ်လျှင် သုံးရန်) တို့ဖြစ်ကြပါတယ်။ ကဲ..အမြင်မတော်.ဆင်တော်နဲ့ခလောက်ဆိုသလို.. လူ့သဘာဝအကြောင်း ကိုကိုဖရီးက ဖောက်သည်ချရင်း တစ်ရေးဆိုပြီးပြီမို့..၇ွာစားရေ..ကိုင်း... ဟိုအတွင်းခံဘောင်းဘီသွားဝယ်ရအောင်. .ဖရီးကို ခုပဲအခမဲ့ ပို့ပေးလိုက်ပါလို့..လို့ ။ (မူလလက်ဟောင်းဖရီး)

Sep 1, 2010

အောင်ရာအောင်ကြောင်း

မိတ်ဆွေများခင်ဗျား ..။ အချိန်တော်တော်လေးကြာအောင် မရေးဖြစ်နိုင်ခဲ့ခြင်းအတွက် တောင်းပန်ပါတယ်။ အကြောင်းကြောင်း အဲ..အစင်းစင်းကြောင့် မရေးနိုင်ခဲ့ပေမယ့် ရေးချင်တဲ့စိတ်ကအမြဲရှိနေပါတယ်လို့ ၀န်ခံရင်း ကဲ...မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကြား ရွေးကောက်ပွဲနီးလာတော့ ကိုကိုဖရီးရဲ့ မိတ်ဆွေများ မည်သူ့ကို မည်သို့မည်ပုံ မေးပေးရန် အလို့ငှာ ခေါင်းစားနေပါသလား။ လွယ်ပါတယ်ခင်ဗျ။ အမြီးဘက်ပြောင်းစားလိုက်ပါလို့။ ဟီး ။ ပါတီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ ချာပါတီ ပါပဲလို့ ရဲရဲရင့်ရင့် ၀န်ခံရင်း ကိုကိုဖရီးလည်း ရွေးကောက်ပွဲဝင်ချင်တာ တစ်ပိုင်းကို သေလို့ခင်ဗျ။ ကျန်တဲ့တစ်ပိုင်းကတော့ ပလေသင်ကာဆိုတဲ့လူလား.. ဖရီးလာရိုက်သွားတယ်လေ။ အင်း....ရွေးကောက်ပွဲဆိုတဲ့ အတိုင်း ရွေးပြီးမှ ကောက်မှာဆိုတော့ ...မဒီချောချောလေးတွေကိုအရင်ရှာ.. ပြီးမှ. .တော်ကောက်ရရင်ကောင်းမလားလို့...ဟီး။ မယ်စကြ၀ဠာစံနှုန်းလောက်တော့လိုမှာပေါ့နော်။ ဟဲ..ဟဲ။ ဒါမျိုးက..အန်ကယ်ကြီး..အန်ကယ်လေး (လူမင်းမဟုတ်ပါ) တို့ကကျွမ်းပြီးသားဆိုလားပဲ။ (သေချာတယ်..အသည်းပါကျွမ်းချင်နေပြီ ထင်ပါ့) ။ အင်း..အလှုပ်အခတ်များတဲ့ ကိုကိုဖရီးတို့ခေတ်မှာ... ဟိုကွေ့ကို ဟိုတက်. .ဒီကွေ့ကို ဒီတက်နဲ့ လှော်ဖို့တောင်မလွယ်တော့ဘူးချင်ဗျ။ မာစတာ လှော်တက်တော့ ဆောင်ထားရမယ်ထင်တယ်ခင်ဗျ။ ဒါမှ...သာပေါင်းညာစား (သာပေါင်းစက်ရုံမှာ သွားရောက်ညာစားခြင်းမဟုတ်ပါ)..အပြောခံရမဲ့အစား လူနပ် ချမ်းသာ ဆိုတဲ့ စကားအတိုင်း ကြီးပွားတိုးတက်မှာကိုးခင်ဗျ။ မြတ်စွာဘုရားကလည်း ရီကွန်မန့် လုပ်ထားတာက မိတ်ဆွေကောင်းရှိခြင်းသည် အမှုကိစ္စကို ဟန်ဒရက် ပါစန့် အောင်မြင်စေနိုင်၏တဲ့ ခင်ဗျ။ ကိုကိုဖရီးခမျာ မိတ်ဆွေကွန်ရက်ကြီးဆောက်ထားလိုက်တာ အမှုကိစ္စ ဟန်ဒရက် ပါစန့် အောင်မြင်လား မအောင်မြင်လားမသိဘူး။ အမှုတွဲတွေထဲ ပါပါနေလို့ လိုက်ရှင်းနေရတာ.. ရှိတာလေးတွေပဲ.. ဟန်ဒရက် ပါစန့် ကုန်ကုန်သွားတယ်ခင်ဗျ။ အီး..ဟီး..။ ဒီတော့..ကွန်ရက်ကြီးထဲမှာ ဖယ်လ်တာတွေ ပြန်ခံလိုက်ရတယ်လေ။ ဖရီးရိုက်ရမဲ့လူလား၊ ၀ိုင်းရှယ်ရမဲ့လူလား၊ စပွန်ဆာပေးရမဲ့လူလားဆိုပြီးတော့ပေါ့။ ဒါပေမယ့်.. ဖရီးဆိုးရင် သိပ်သိပ်ကြိုက်ဆိုတဲ့ ကိုကိုဖရီးကတော့ ဖရီးအီလက်ရှင်နဲ့ ဖရီးစပွန်ဆာပေးမဲ့သူကို မျှော်လင့်ရင်း....ပြန်ဆုံတွေ့ကြပါစို့လို့ ။ ။ (မူလလက်ဟောင်းဖရီး)

Feb 22, 2010

ဖရီးရဲ့စာမေးပွဲအထူးထုတ် ဖော် ဆယ်တန်း စတုဒန့်စ်

ခု..ဆယ်တန်းတွေ စာမေးပွဲနီးလာတော့ ကျောင်းသားတွေရော..မိဘတွေရော ရင်ခုန်နေကြပြီပေါ့ဗျာ။ (မှတ်ချက်။။ ဂိုက်ဆရာတွေ၊ ကျူရှင်ဆရာတွေပါ..ပါသည်။ ဒီနှစ်..ကျောင်းသားတွေအခြေအနေကောင်းမှ နောက်နှစ် သူတို့လည်း အခြေအနေကောင်းမှာကိုး)စပေါ့တွေ၊ ဒါပဲကြည့်ကွက်တိ တွေ၊ လမ်းကြောင်းက တဆင့် ရထားတာတွေ၊ မပိုင်ရင်ခြင်တောင်မရိုက်ဘူးဆိုတဲ့ဆရာတွေကလည်း အုံးအုံးကျွက်ကျွက်ပါပဲ။ ဒီကြားထဲ မအောင်ရင် ငွေပြန်အမ်းလိုက်မယ် ဆိုတဲ့သူတွေတောင်ပါသေးသဗျ။ စားမေးပွဲဖြေနည်း လမ်းညွှန်တွေလဲ ပလူပျံအောင် တွေ့နေရတော့ ကိုကိုဖရီလည်း တတ်သည့်ပညာ မနေသာဆိုသလို နည်းနည်းလေး ၀င်ပလေးချင်ပါတယ်။ ကိုကိုဖရီး က ဆယ်တန်းကျောင်းသားများအတွက် အထူးစပယ်ရှယ်ဂိတ်ဆုံး စာမေးပွဲလမ်းညွှန် ထုတ်မလို့လေ။ ကိုကိုဖရီးရဲ့ စာအုပ်မှာဆိုရင် ခိုးချနည်းပေါင်းစုံ နှစ်ရာကျော်၊ ဘာမှရေးဘဲ အမှတ်ရနည်း တစ်ရာကျော်၊ စာမေးပွဲစောင့်တဲ့ ဆရာဆရာမတွေကို ပေါင်းနည်း သုံးဆယ်၊ အနားလာမကပ်အောင်လုပ်နည်း နှစ်ဆယ့်လေးနည်းနဲ့ အမှတ်ရအောင် ဖြီးဖြန်းရေးနည်း တွေအပြင်၊ ဆေးရုံကဖြေနိုင်ခွင့်ရဖို့ရောဂါရအောင်လုပ်နည်းပေါင်းစုံ အပါအ၀င် စာကို အရကျက်နည်းရော-မရတရကျက်နည်းတွေရော ပါတယ်ခင်ဗျ။ ဒါတွေတင်မကသေးဘူး။ အထူးလမ်းညွှန်းချက်ဆိုပြီးတော့ မျဉ်းကို ခဲတံဖြင့်တားနည်း၊ ခေါင်းစဉ်ကို ဘောပင်ဖြင့်တပ်နည်း၊ ခုံနံပါတ်နဲ့နာမည်တွေ၊ အဖြေနံပါတ်ထိုးနည်းတွေ၊ လူရှိန်အောင်စာရွက်ကို ပေါပေါလောလောဖြုန်းရေးနည်း၊ ခဲဖျက်နဲ့ကော်ရက်ရှင်မင်ဖျက်နည်း တွေလည်း ပါသေးတယ်နော်။ ဒါပေမယ့် ကိုကိုဖရီး ရဲ့အကြံကို လက်ခံပြီး အရင်းအနှီးထုတ်ပေးမဲ့ ပါဘလစ်ရှာ တစ်ယောက်တော့ လိုနေတယ်ခင်ဗျ။ ဒါကြောင့် စိတ်ပါဝင်စားသူများ၊ စာအုပ်လိုချင်သူများ (kokofreefree@gmail.com) သို့အမြန်ဆက်သွယ်စာရင်း ပေးကြပါရန်..။ ။ (မှတ်ချက် ။ ။ ကျောင်းသားများအတွက် တကယ်စေတနာထားသူသာဖြစ်ရမည်)

Jan 6, 2010

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၆)

(ယခင်အဆက်).အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ” “ ဟဲဟဲ အကိုကလဲဗျာ...ပြောပြောဆိုဆို ကိုကိုဖရီးတစ်ယောက် ဆိုင်ဘက်သို့ထွက်သွားစဉ်…. ဆိုင်အတွင်း၌ကား ကြောက်နေကြသော ဟန်သစ်မိန်တို့ အုပ်စုအားကြည့်ပြီး လက်နက်ကိုင် အဖွဲ့ထဲမှ တစ်ဦးက “ ခင်ဗျားတို့ သိပ်မကြောက်ကြနဲ့လေ။ ကျုပ်တို့က ဂန်ပါပီ ကြီးကို လာခေါ်တာပါဗျ” ။ ဟင်..အမလေး အဘား..အဘား..ကယ်တော်မူပါ။ ထိုအခါ ..ဂန်ပါပီကြီးခင်မျာ.. ပိန္နဲသီးလောက်ရှိသော မျက်နှာကြီးမှ မင်းဂွတ်သီးခန့်သာ ရှိသော မျက်နှာလေးဖြစ်သွားလေသည်။ “ဒီမှာ ဂန်ပါပီ ..ဒါခင်ဗျားအတွက် အခွင့်အရေးဗျာ။ ကျုပ်တို့နဲ့သာ လိုက်ခဲ့စမ်းပါ” ။ “မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲဟင်” “ဘာမှမလုပ်ဘူး ၊ ကျုပ်တို့ခေါင်းဆောင်ကြီး အိုစမာအာလာဒင်က ခင်ဗျားကို ဆိုမာလီယာ ပင်လယ်ဓားပြတွေဆီက ရစရာရှိတဲ့ အကြွေးတွေ သွားတောင်းခိုင်းမလို့တဲ၊ ပါစင်းတိတ် နဲ့ရမှာနော်..ငှဲ.ငှဲ”။ ပါစင်းတိတ် ဆိုသောအသံကြားသည့်အခါ ဂန်ပါပီကြီးလည်း မင်းဂွတ်သီးခန့်သာ ရှိသော မျက်နှာမှ တစ်ဖန် ဒူးရင်းသီးခန့်ရှိသော မျက်နှာကြီး ပြန်ဖြစ်သွားလေသည်။ ဟီး….. ။ ဆိုင်အတွင်းရှိ လူအားလုံးလည်း အခုမှ သက်ပြင်းချနိုင်ကြပြီး အားကျသည့်အကြည့်ဖြင့် ဂန်ပါပီအား ၀ိုင်းကြည့်ကြသည်။ မေ့ချင်ယောင်ဆောင်နေသော ပလေသင်ကာမှာလည်း. .ရှက်ရယ်ရယ်ပြီး ထလာသည်။ ဟဲ.ဟဲ ။ ထို့ အတူ နောက်ဖေးထရံပေါက်မှ ချောင်းကြည့်နေသော ဒိုင်နာရီဆိုသည့် ကပြားမလေးလည်း ဂန်ပါပီဆီပြေးလာကာ..“ကိုကိုဂန်..ကိုကိုဂန်.. ဟိုမှာသတိထားနော်။ မီးကိုလည်း အပြန်လက်ဆောင် အာဖရိကပြောင်းဖူးကြီးတွေ ၀ယ်ခဲ့ဦး။ သူတို့ပြောင်းဖူးတွေက အကြီးကြီးတွေလေ။ မီးက ဒါမျိုးမှကြိုက်တာ။ မီးက..ကိုကိုဂန်ကို မျှော်နေမှာနော်” ဟု ကြက်ဆူဆီသုတ်ထားသောအသံဖြင့် ပြောလိုက်လေသည်။ “ဒါနဲ့ ဂန်ပါပီကြီးကို ဘာဖြစ်လို့ အိုစမာအာလာဒင်ကြီးက အကြွေးတောင်းဖို့ ရွေးထားတာလဲကွ” ဂလိုဘဲကြီးမှ သူအကျင့်အတိုင်းစဖွလိုက်ရာ…“ဟေ့ကောင်..မင်းကလဲ ဝေးပါ့ကွာ၊ ဂန်ပါပီကြီးကမှ ဆိုမာလီယာဓားပြတွေလို လူဆိုးလူမိုက်တွေကိုမှ မကြောက်တာကိုး..သူ့ကို အပ်လိုက်မောင်.. အငြိမ်ပဲ။ ဟဲ.ဟဲ..” ထွန်းဂေါက်မြွေ မှလည်း သူ့အကျင့်အတိုင်း အလွတ်မပေးဘဲ ၀င်ထောက်လိုက်လေသည်။ ပြုံးဖြီးဖြီးဖြစ်နေသော ဂန်ပါပီကြီးမှ..ကဲ..ဒါဆိုကျုပ် လိုက်သွားဦးမယ်ဗျာ၊ ခင်ဗျားတို့အတွက် ဒီမှာကျသင့်တာတွေအားလုံး ကျုပ်..အာလာဒင်ကြီးဆီက ပါစင်းတိတ်ရရင် လာပေးမယ်နော်။ “ဟေး”…ဟု အားလုံးမှ ၀မ်းသာစွာ ၀ိုင်းအော်လိုက်စဉ် ဆိုင်ရှင် ဂလိုဘဲကြီးခင်ဗျာ“..အဟင့် အဲလိုတော့..အလုပ်နဲ့လေဂျာ..အဟင့်..အဟင့်” ဟု ငိုမဲ့မဲ့ဖြစ်သွားလေသည်။ ထို့နောက်…... (ဆက်ရန်ပါခင်ဗျာ)

Jan 1, 2010

ဂလိုဘယ်အားရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း

Myanmar Drinkers League (MDL) မြန်မာနိုင်ငံအရက်သမားများအသင်း (အမ်ဒီအယ်လ်) အမိန့်ကြော်ငြာစာအမှတ် (၀၀၁၊၁၀) အကြောင်းအရာ ။ ။ ဘဏ္ဍာရေးမူး အား အသင်းဝင်တာဝန်မှ အနားယူခွင့်ပြုခြင်း အထက်ပါအကြောင်းအရာအရ အသင်းတွင် မကောင်းတတ်၍ ခန့်ထားသော မျိုးကြီးခေါ် ဂလိုဘယ်မှာ ၄င်း၏ကိုယ်ပိုင်ဆန္ဒအရ အသင်းပိုင်ငွေမျာဖြင့် အကုန်သောက်သုံးမျိုဆို့ပြီးနောက် ၂၀၁၀ တွင် အနားယူလိုကြောင်း တင်ပြလာသဖြင့် အသင်းမှနုတ်ထွက်ခွင့်ပြုလိုက်သည်။ ၄င်းမှ အသင်း အတွက်ပြုခဲ့ဖူးသော ကျေးဇူးများအား ထောက်ထား၍ အရက်ပုလင်းအလွတ် ၅ လုံးအား ဂုဏ်ပြုချီးမြင့်လိုက်ပါသည်။ တပ်သားမျိုးကြီးခေါ် ဂလိုဘယ် ...သင်သွားလိုရာသွားနိုင်ပြီ။ ။ ပုံ.. အတွင်းရေးမူး ကိုကိုဖရီး (အမ်ဒီအယ်လ်)