Oct 5, 2008
မွေးနေ့ပွဲအဖြစ်မှန် (reality of birthday)
မိတ်ဆွေတို့ရေ။
ကိုကိုဖရီး ခမျာမဖရီးနိုင်တာတောင်ကြာပေါ့ဗျာ။ ရေးစရာတွေက တပုံတပင်နဲ့ အကြွေးက
လည်ပင်းနစ်နေပါရဲ့။ မွေးနေ့ပွဲလေးတောင်..အကျယ်မလုပ်ဖြစ်တော့ဘဲ.....ဖြစ်သလို
ဟီလ်တန်ဟော်တယ်မှာပဲ ပြောင်းလုပ်လိုက်ရပါတယ်။ ပဲရစ်ဟီလ်တန်ကလည်း ..
ကိုကိုနော်..မီး..ဟိုတယ်မှာ မွေးနေ့ပွဲလာမလုပ်ရင် ...မီးယောက်ျားယူလိုက်မှာဘဲ
ဆိုတာနဲ့ ..သြော်ကောင်မလေး..အိမ်ထောင်ရေးနွံထဲ ကျသွားမှဖြင့် ဆိုပြီး သနားလို့
နေရာပြောင်းလိုက်ရပါတယ်ခင်ဗျာ။ ဘလော့ကာမိတ်ဆွေတွေကို ဖိတ်ဖို့ အားချင်း
စီစဉ်ချင်ပေမယ့်..လေးမန်းဘရားသားဘဏ်ကြီးကို ၀င်ကယ်ဖို့လုပ်နေရတာနဲ့..
မဖိတ်လိုက်ရပါဘူး။ တက်လာတဲ့သူတွေက သိပ်မများပါဘူး။ လင်ဆေးလိုဟန်၊
ရှာရာပိုဗာ၊ အဗရာလာဗင့်၊ ဆောင်းဟေကို နဲ့ ပဲရစ်လီလာတန်တို့လောက်ပါပဲ။
သူတို့ကလည်းမွေးနေ့ အကြောင်းပြုပြီး ကိုကိုဖရီးဆီ လာကပ်တာပေါ့။ ဒါပေမယ့်
ကိုကိုဖရီးက.ပိတောက်ဆိ.ုပိတောက်..အခြောက်ဆိုအခြောက်...အဲမှားလို့...သခွားဆို.
ကြောင်ရှာ သီးတာမဟုတ်ဘူးလေ။ ။ အလိမ္မာသုံးပြီး ပြန်ခွာရတာပေါ့။..ဟီးဟီး..
သူတို့စားတဲ့ ပီကယ် တွေပြောပါတယ်။ ။ အဟင့် ဟင့်။
Sep 28, 2008
ဝန်ချတောင်းပန်အသိပေးရှင်းလင်းကတိပြုအာဖြီးခြင်း
ခုတလော....ကိုကိုဖရီးပျောက်နေလို့ဆိုပြီး မိတ်ဆွေတွေက ပူပန်ကြတာ အားနာစရာဗျာ။ ပျောက်တာတော့ မဟုတ်ပါဘူး။ မတွေ့တာဖြစ်မှာပေါ့နော်။ဟုတ်ဘူးလား။ ဟိး။ စာရေးရရင်ပြီးရောဆိုပြီး လက်နဲ့ပဲ စာရေး..အဲ..အဲဒီလိုမဟုတ်ပါဘူး.. ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ငြိမ်းချမ်းခရီး လှည့်လည်နေတယ်ဆိုပါတော့ဗျာ။ (အဟီး..ဆက်ဖြီးမှ ) ကိုကိုဖရီးဆို အအိပ်ပျက်. (ဘောပွဲကြည့်ခြင်းကြောင့်) .အစားပျက်..( သွားနာနေခြင်းကြောင့် ) ခံပြီး လူသားအကျိုးအတွက် ကမ္ဘာတစ်ခွင်လျှောက်သွားလိုက်တာ အာဖရိကဆို ဆိုမာလီယာ၊ ချဒ်၊ ဆူဒန်၊ အီသီယိုးပီး.ယား၊ တူနီရှား၊ အီဂျစ်၊ လစ်ဗျား နိုင်ငံတွေပေါ့ဗျာ။ အာရှဆိုလည်း အရှေ့အလယ်ပိုင်းတစ်ခွက် ပြဲပြဲစင်ဆိုပါ့တော့ဗျာ။ အစရေး ပါလက်စတိုင်း၊ ဆီးရီးယား၊ ယီမင်၊လက်ဘနွန်တွေပေါ့။ ကိုကိုဖရီးရဲ့ ငြိမ်းချမ်းရေးခရီး အောင်မြင်တာကို မိတ်တွေတို့ မြင်တွေ့ကြမှာပါနော်။ ဟီး။ ခုသူတို့အေ၇းမှာ ကိုကိုဖရီးရဲ့ ရှို့မီး...ဟုတ်ပေါင်..အဲ..ငြိမ်းချမ်းရေး စနက်တံကြောင့် လောင်သွားတာမဟုတ်ပါဘူးခင်ည။ အဟင့်..ဟင့် ။ သူ့ဘာသာလောင်ချင်နေတာ ကိုကိုဖရီးက ဓာတ်ဆီလေး ၂ ဂါလံလား လောင်းလိုက်မိတာပါခင်ည။ ဤသို့ ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ကမ္ဘာတစ်ခွင်ခရီးစဉ် (စိုးရန်အောင်မဟုတ်) နဲ့ ကိုကိုဖရီး အလေလိုက်ပြီးသကာလ မိခင်နိုင်ငံကြီးအတွက် သမိုင်းပေးတာဝန်ထမ်းရွက်ဖို့ အချိန်တန်လာတယ်ခင်ည။ ပြန်လာဖို့လဲ ဟိုဘဘကြီးက ခေါ်နေတာကိုး..ဟိ။ ထို့ကြောင့် ကိုကိုဖရီးတစ်ယောက် ကျည်မဖောက်၊ ဗုံးမတိုးနိုင်သော အကျီ င်္ကြီးဝတ်၊ တိုင်းရင်းသားဘာသာစကားပေါင်းစုံ ပြောနည်း စာအုပ်ကြီးကိုင်ကာ ပါးစပ်မှ သက်စောင့်ဂါထာအကြိမ်တစ်သန်းရွတ်၊ မီဒီယာတွေလုံးဝ ဂရုမစိုက်အောင် ဟိုမင်းသမီးရဲ့ ယောက္ခမကြီးပိုင် ကုန်မဏီကားကြီးနဲ့အထွက် ...အမလေးဗျာ..အဟင့်...ကိုကိုဖရီးဗွေဆော်ဦးရလိုက်တာက..စကဒ်ဒုံးကျည်လဲ ဟုတ်ဘူး။ အာပီဂျီဗုံးသီးလည်းဟုတ်ဘူး။ နျူကလီးယားဒုံးပျံလဲ ဟုတ်ဘူး။ အဟင့်ဟင့်... အိမ်ရှေ့အိမ်က လင်မယားရန်ဖြစ်ရင်း ကိုကိုဖရီးရဲ့ လေကြောင်းပိုင်နက်ကို ကျူးလွန် ရောက်ရှိလာတဲ့ ဒန်အိုးစုတ်တစ်လုံးဗျ.. တိန်...ဒေါင်..အမလိ.. တေပြီဆြာ..။. ဤသို့ဤနယ် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို အမှုထားတဲ့ ကိုကိုဖရီးတစ်ယောက် ကိုယ့်နိုင်ငံ ကိုယ့်အိမ်ဝန်းကျင်တောင် ငြိမ်းချမ်းမှုရှိအောင် မဆောင်ရွက်နိုင်သေးဟု နဖူးမှ ဘုအား စမ်းပြီး သုံးသပ်ကာ နောက်ဆုံးအိမ်ထဲ ခပ်ကုပ်ကုပ်ဝင်ခဲ့ရလေတော့....သတည်း ..။ (သာဓုမခေါ်ရ)
မှတ်ချက်။
”မိတ်ဆွေများအတွက် ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (ဇတ်သိမ်းပ်ုင်း) ၊ ပုလင်းထောင်မိုးမောင် ( ဇတ်သိမ်ပိုင်း) များအား များမကြာမီ တင်ဆက်ပေးမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အာပေးလိုက်တဲ့.. “
မူလလက်ဟောင်း ကိုကိုဖရီး
မှတ်ချက်။
”မိတ်ဆွေများအတွက် ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (ဇတ်သိမ်းပ်ုင်း) ၊ ပုလင်းထောင်မိုးမောင် ( ဇတ်သိမ်ပိုင်း) များအား များမကြာမီ တင်ဆက်ပေးမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အာပေးလိုက်တဲ့.. “
မူလလက်ဟောင်း ကိုကိုဖရီး
Sep 14, 2008
မွေးနေ့အမှာ" birthday message"
ဘလော့ပို့စ်တွေလဲ မှန်မှန်မရေးဖြစ်တော့
လာလည်တဲ့မိတ်ဆွေတွေကို အားနာလိုက်
တာဗျာ။ပုံမှန်ရေးနိုင်ဖို့ မလွယ်တာတော့
ဝန်ခံပါရစေ။ခုတော့ကျွန်တော့်ဘလော့လေး
ဟာလဲ အခါလည် တစ်နှစ်သားလေး အဖြစ်
ရှင်သန်လာခဲ့ပါပြီ။ ဘလော့လေး
တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ မိတ်ဆွေများကိုဒင်နာစားပွဲကြီးတစ်ခု
ပြုလုပ်ပေးဖို့စီမံထားပါတယ်။ ဒီစားပွဲကြီးမှာ ကမ္ဘာကျော် စားဖိုမှူးကြီးများက
လက်စွမ်းပြထားတဲ့ အချို့သော ထူးရှယ်ဟင်းလျာများကို ကြိုတင်မိတ်ဆက
်ပေးပါရစေ။မြန်မာပြည်မှ ထိပ်တန်းစားဖိုမှူှးကြီး အန်တီလုရဲ့
ဒူးရင်းသီးဆူးငါးပိချက်နဲ့ ပုရောဆိတ်ဦးနှောက်ပေါင်း
နန်းတွင်း စားတော်ကဲကြီး ချန်ဂိန် ရဲ့ မှိုခါးပတ်ကျော် (မှိုတက်နေသော
အထူးခါးပတ်) နှင့်ဟောင်ကောင်မှ ၀ါရင့်စားဖိုမှူး အုံးအင် ရဲ့ ဖားပြုတ်ကင်နဲ့
ခွေးလလျားသီးဟင်းချို၊စသည်တို့ဖြစ်ပါတယ်။ ကျန်တဲ့ နာမည်ကြား
သွားရည်ယိုဖွယ်ရာ ဟင်းလျာများလည်း ပါပါတယ်ခင်ည။
အဲ....မရမ်းသီးရှောက်ရည်စမ်းအသုပ်၊ ချဉ်ပေါင်သရက်သီးသနပ် နဲ့
ရှလကာရည်ချဉ်စပ်ဟင်းရည်တို့ပါခင်ဗျ။ အဲ နေရာကတော့..
အားလုံးသွားလို့လာလို့လွယ်အောင်ကမ္ဘာအမြင့်ဆုံး ဒူဘိုင်းမျှော်စင်ရဲ့
အပေါ်ဆုံးထပ်မှာလို့စဉ်းစားထားပါတယ်။ အားလုံးအတွက် လည်ပင်း
ကြိုးကွင်းစွပ်ဓာတ်လှေကားလဲ စီစဉ်ထားမှာပါ။
နေ့ရက်ကတော့ အောက်တိုဘာမကူးခင် စက်တင်ဘာလ ၃၁ ရက်နေ့ပါခင်ဗျ။
အဟဲ အထူးမှာချင်တာကတော့ လက်ဆောင်မပေးခြင်း သည်းခံပါလို့။
ကဲ ကိုကိုဖရီး ကတော့ ဘလော့ဂါ မိတ်ဆွေများအားလုံးကို ဒီဘလော့လေး
မွေးနေ့လေးအတွက် ဖိတ်လိုက်ပြီနော်။ ဆက်ဆက်လာကြဖို့ တိုက်တွန်းရင်း ။ ။
အားလုံးကို လေးစားလျက် ကိုကိုဖရီး.. ဖရီးကိုကို ...ဟိ..။
Sep 5, 2008
တက်ဒ်ထားလို့ရေးရမှာက..
အဟမ်း..ဆိုရေးရှိကဆိုလိုက်ပြီခင်ည။ အဟင့်။
- ကိုယ့်ရဲ့နာမည် --အလကားမရတဲ့ဖရီး
- ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကြောင်လေး၊ကစ္စနား၊ဆ၇ာကျောင်း
- ကိုယ်ဒီမှာနေတယ် - အသက်ရှင်ခွင့်ရှိတဲ့နေရာ
- ကိုယ့်ဆီဖုန်းဆက်ချင်ရင် -ခဏအောင့်ထားဦး။ ဖုန်းမ၀ယ်ရသေးလို့
- ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
- အရောင်ဆိုရင် - မျက်စိနဲ့မြင်ရတဲ့ဟာ
- အ၀တ်အစားဆိုရင် - အတွင်းခံဘောင်းဘီတို
- အစားအစာဆိုရင် - မကြိုက်တာနဲ့၊ အလကားမရတာကလွဲလို့ အစုံစားသတ္တ၀ါ
- ပစ္စည်းဆိုရင် - အလကားရတာ(ပစ္စည်းပေါ်မူတည်သေး)
- သီချင်းဆိုရင် -အသံကြားရသောသီချင်းများအကုန်
- စာရေးစာဆရာ -ကမ္ဘာကျော် ဟဲမင်းဖရီး
- စာအုပ် - အိပ်လို့ကောင်းတဲ့ ကျောင်းကစာအုပ်အထူကြီးမျိုး
- Life style – ဂွကျကျပြောင်ချော်ချော် လူမှုဆက်ဆံရေးသမား
- ကိုယ့်ရဲ့ဝါသနာ - ဖရီးလိုက်စားခြင်း
- အလိုချင်ဆုံးလက်ဆောင် - ဂျော်နီဖင်ထိုင်လဲ တစ်လုံး
- ကိုယ့်ရဲ့ အချစ်ဆုံးသူက - ဘုရား
- ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဘုရား
- ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ဘုရား..အဲ..ဟုတ်ဘူး။ ပိုက်ဆံချေးပြီး ပြန်မတောင်းတတ်သူ
- ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - လိုက်ရှာလိုက်ဦးမယ်
- ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုကိုယ်ဘဲ
- ရင်အခုန်ဆုံးအချိန် ...အိမ်သာ ဂျက်တံခါးမရှိတဲ့အချိန်
- အကြောက်ဆုံးအချိန် - ကောင်မလေးတွေ ဘလ္လကာယပြုမဲ့အချိန်
- အပျော်ဆုံးအချိန် - နတ်ပြည်သွားဖို့ ပတ်စပို့ကျချိန် (ဟီး ..ဟိုရောက်ရင် တစ်ဖက် ငါးရာနဲ့..ငါကွ)
- အမှတ်တရနေ့ - အမေမွေးတဲ့နေ့လေ
- ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လူပြန်မဖြစ်ချင်တော့ဘူး
- အချစ်ဆိုတာ -အာရေအ..ခခွေရရစ်စသတ်ချစ်...အချစ်။
- အမုန်းဆိုတာ - အရေအ..မတစ်ချောင်းငင်နသတ်မုန်။ ၀စ်စနှစ်လုံးပေါက် မုန်း
- အလွမ်းဆိုတာ - အဆန်းရဲ့ညီ။
- သံယောဇဉ်ဆိုတာ - စိတ်မ၀င်စားတဲ့စကားလုံး
- ဘ၀ဆိုတာ - တိုတိုလေး။ နှစ်လုံးတည်းရှိလို့။
- သူငယ်ချင်းဆိုတာ - လူအချင်းချင်းဆက်ဆံသောနည်းတစ်မျိုး
- ချစ်သူဆိုတာ - သိပ်သိချင်နေသော လူ
- ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ပျိုတိုင်းမကြိုက်တဲ့ ငှက်ပျောခိုင်
- ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ဖရီးဆို သိပ် သိပ် ကြိုက်
- အပြောချင်ဆုံးစကားတစ်ခွန်း - လိမ္မာရစ်ကြပါလို့
Aug 26, 2008
အချိန်ရှိခိုက်လုံ့လစိုက် ( time waits for no sportmen)
ယခုဆိုရင် တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကြီး ခမ်းခမ်းနားနား ကျင်းပပြီးဆုံးသွားပါပြီ။
ကိုဖရီးကတော့ အားကစားသမားကောင်းပီသစွာ မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အိုလံပစ် beer
drinking ပြိုင်ပွဲအတွက် ထရိန်နင်ကို မလျှော့ဘူးခင်ဗျ။ ခုဆိုရင် ကိုကိုဖရီးချိန်ထားတဲ့
ရွှေတံဆိပ်ကို လုမဲ့သူတွေလည်း များလာတယ်လေ။ ATLinn တို့၊ မိုးမောင်(happycloud)
၊ကိုမော်စီတို့ က ပြိုင်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်နေကြ ပြီတဲ့ခင်ဗျ။ ဒါတောင် ကိုသင့်တို့၊
ကိုဟန်သစ်ငြိမ်တို့က လယ်ဗယ်နိမ့်တယ်ဆိုပြီး ၀င်မပြိုင်သေးဘူးလေ။ ကိုစတန်လေ
ကလည်း ၀င်ပြိုင်ချင်ပေမယ့် သူ့ခမျာ နီးရာဓားကြောက်နေရတော့ လေသံတောင်
မဟရဲတော့ဘူးခင်ည။ ကိုယုသာ ဆိုတဲ့လူကြီးကတော့ ၀င်ပြိုင်ချင်ပေမယ့် စိတ်သွား
တိုင်းကိုယ်မပါဖြစ်နေလို့ ဟိုဆေးတွေ မှီဝဲနေရတယ်လေ။ (သိချင်ရင် သူ့သာ
မေးကြည့် ကြဗျာ..အဟင့်)။ ဒါပေမယ့်...ဒီမိတ်ဆွေတွေ ပြိုင်ပွဲဝင်နိုင်မယ်မထင်ပါဘူးဗျာ။
အဲဒီ အချိန်ကျရင် ဘယ်လိုက်ရှာရမှန်း တောင်မသိတော့ပါဘူး။ ခုကတည်းကအသက်ရှည်
အောင်ရေခဲတောင်ကြာပွင့်စားထားမှ တော်ကာကျမှာလေ။ ကိုကိုဖရီးကတော့တရုတ်ကား
ထဲက မင်းသားဆီမှာ ဘီအီးတစ်လုံးနဲ့ လဲထားပြီးပြီလေ။ ငှဲ.. ငှဲ...ငှဲ....။ အင်း..တကယ်တော့
ပြိုင်ပွဲ လေ့ကျင့်စရိတ်က ထောင်းတယ်ဗျာ။ ဘယ် ဘီယာcompany ကမှ စပွန်ဆာမပေး
တော့အိတ်စိုက် လေ့ကျင့်ရတာ မတတ်သာဘူးလေ။ ဟော..ပြောရင်းဆိုရင်း မိုးရွာလာပြီ။
ဒါ အားကစားသမားတွေ အကြိုက်ပဲ။ အချိန်ရှိတုန်း ဆိုင်ပြေးပြီး ကစ်..အဲ...အဲ..လေ့ကျင့်လိုက်
ဦးမှ.။ ....တာ့...တာ။
အားလုံးဆီက စပွန်ဆာမျှော်လင့်လျက်..ကိုကိုဖရီး...ဟီး။
Subscribe to:
Posts (Atom)